အကိုကအပင်တွေကိုလည်းသဘောကျတတ်တယ်ထင်တယ်..
အိမ်ထဲမှာစိုက်ထားတဲ့အပင်တွေကိုငေးကြည့်မိရင်းဆောင်းဟွန်းတွေးမိလိုက်သည်။
ခုတော့ပွင့်ဖတ်စိမ်းစိမ်းလေးတွေအစားရော်ရွက်ဝါလေးတွေကိုတောင်မြင်နေရလေပြီ.. ။
အချိန်တွေကုန်တာမြန်လိုက်တာ..။
ကိုကိုနဲ့စစချင်းတွေ့ခဲ့တဲ့နေ့ကတောင်မနေ့တစ်နေ့ကလိုဘဲခံစားနေရတာ..။
အဲ့လိုဆိုမှပြန်စဉ်းစားကြ ည့်ရင်ကိုကိုနဲ့သူ့ရဲ့တွေ့ဆုံမှုကစိတ်ကူးယဉ်ဆန်တယ်ပြောရမလား?..
ဒီတိုင်းအကို့ကိုမြင်မြင်ချင်းချစ်ခဲ့မိတဲ့သူကရော?
အဖြစ်အပျက်တွေကတော့ရုတ်ချည်းဆန်လှသည်။သို့ပေမယ့်လည်း အကိုနဲ့တူတူရှိနေရရင်ဒါတွေကလည်းအရေးမကြီးပေ။အရက်မူးတဲ့နေ့တုန်းကအကို့ကိုဂျီကျငိုယိုပြီးသူနဲ့တွဲဖို့အတင်းဖိအားပေးတာတွေကိုပြန်သတ်ိရမိတော့ ပါးနှစ်ဖက်ကရှိန်းတိန်းတိန်းနဲ့။
အဲ့လိုအတင်းဂျီကျခဲ့တဲ့ကိုယ့်ကိုယ်ကိုပဲကျေးဇူးတင်ရမလား?
သေချာတာကတော့အကိုကအခုသူ့ဘေးနားမှာ..သူ့လူဖြစ်နေပြီလေ ။ဒါပေမယ့် ..တစ်ခုဘဲ..
ကိုကိုကနားလည်ရခက်သည်.။"ချစ်တယ်'' ဆိုပြီးသူ့ကိုတစ်ခါမှဝန်မခံဖူးတဲ့ကိုကို..
အဲ့လိုဆိုပေမယ့်လည်း ဆောင်းဟွန်းကိုဂရုမစိုက်တာတော့မဟုတ်..။ သူ့မျက်ဝန်းတွေမှာဆောင်းဟွန်းအပေါ်ထားတဲ့မေတ္တာတွေကိုအတိုင်းသားမြင်နေရသည်။
ဒါပေမယ့် အဲ့တာတွေကိုဘယ်တော့မှထုတ်ပြောမယ့်ပုံမပေါ်ပေ။အင်း..သူ့ကိုကိုကခေါင်းမာလွန်းသည်...။
"ဘေဘီ ဘာတွေတွေးနေပြန်ပြီလဲကွာ"
ခါးကိုသိုင်းဖက်လာတဲ့လက်တစ်စုံကြောင့်တွေးလက်စအတွေးတို့ကိုရပ်တန့်ပစ်လိုက်သည်။
အနုပညာရှင်ဖြစ်တဲ့အကိုနဲ့အပြင်ထွက်ရတာသိပ်မကြိုက်တဲ့သူ့ကြောင့် ပိတ်ရက်တွေတိုင်းကိုကို့အိမ်မှာဘဲ ဒိတ်ဖြစ်ကြသည်။အခုလည်းဟင်းချက်ကျွေးမယ်ဆိုပြီး တကယ့်တကယ်က ခေါက်ဆွဲပြုတ်နေသည့်အကို့ကိုရပ်ကြည့်ရင်းကအတွေးလွန်နေခြင်းပင်။