Chapter-8

1.4K 166 31
                                    

"ဆောင်းဟွန်းahhဒီနေ့လုပ်သွားတဲ့triple axelကအရမ်းကောင်းတယ် မင်းလေ့ကျင့်ခဲ့သမျှတွေထဲကဒါအကောင်းဆုံးဘဲ"

"ဟုတ်ကဲ့ ကျေးဇူးပါ နည်းပြ"

"ဒီပုံအတိုင်းပဲဆက်သွားမယ်နော် ဟုတ်ပြီလား?ဒီတစ်ခါပြိုင်ပွဲကအရမ်းအရေးကြီးတယ်နော် ဆောင်းဟွန်း "

"ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"

"ကောင်းပြီ ကောင်းပြီ ခုတော့နားလို့ရပြီ သွားတော့"

"သွားလိုက်ပါအုံးမယ် ဒါဆို"

ပင်ပန်းခဲ့သမျှတွေအရာထင်သွားသည့်အလားကျေကျေနပ်နပ်ပြုံးမိသည်။
အကြိမ်ကြိမ်ကြိုးစားတိုင်းသပ်သပ်ရပ်ရပ်မလုပ်နိုင်ခဲ့တဲ့triple axelကိုဒီနေ့မှာတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီ..။
တကယ်တမ်းစဉ်းစားကြည့်မိတော့စိတ်ခံစားချက်နှင့်သာဆိုင်ပေသည်။
အရင်နေ့တွေကငူငူငိုင်ငိုင်ဖြစ်နေတဲ့သူက ဘာမှကိုအာရုံမစိုက်ခဲ့မိ။အချိန်ခနလေးအတွင်းဖြစ်ပျက်ခဲ့တာတွေကလည်းနည်းနည်းနောနောမဟုတ်ပေ။စိတ်ရှုပ်စရာကောင်းတဲ့နေ့တွေကိုရင်ဆိုင်ခဲ့ရပေမယ့်လညဆောင်းဟွန်းကတော့ခုချိန်မှာသူ့ကိုယ်သူ အပျော်ဆုံးလူသားလို့သတ်မှတ်ကောင်းသတ်မှတ်လိမ့်မည်။

ချစ်ခြင်းမေတ္တာကဆန်းကြယ်ပါတယ်လို့ပြောတိုင်း ငြင်းနေကျပတ်ဆောင်းဟွန်းကဒီတစ်ခါမှတော့ငြင်းဖို့အားမရှိတော့ပေ။
သူကိုယ်တိုင်ကချစ်ခြင်းတရားလေးဆီမှာကျရှုံးခဲ့ရပြီမို့..။

အခုတောင်မကြာခင်တွေ့ရတော့မယ့်လူကြီးကိုဖြစ်န်ိုင်ရင် ချက်ချင်း ပြေးတွေ့ချင်မိလောက်တဲ့အထိစွဲလမ်းနေလေပြီ။

အလုပ်ပြီးကြောင်းစာလှမ်းပို့ရင်းသူ့ပြန်စာကိုသာတမျှော်မျှော်နဲ့စောင့်နေမိတော့သည်။

"𝗧𝗜𝗡𝗚💌"

"𝗧𝗜𝗡𝗚💌"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
DEFIANTWhere stories live. Discover now