"ကိုကိုကျွန်တော်နောက်နှစ်ရက်နေရင်သွားရတော့မှာလို့""....."
"ကျွန်တော်ပြောတာကိုနားထောင်နေရဲ့လား"
"အာ အင်း..ဘယ်ကိုလဲ"
" Tokyo.."
"အရမ်းတော့မဝေးပါဘူး ပြင်ဆင်ပြီးသွားပြီလား"
"ဟင့်အင်း"
"၂ပတ်ကြာမှာမလား?"
"အင်း "
"ကိုယ်ပြီးရင်schedule ရှိသေးတယ် ဖုန်းချလိုက်တော့မယ်နော်"
"ဒါဘဲလား ကျွန်တော့်ကိုပြောစရာမရှိတော့ဘူးလား"
"ဟမ်"
"ဘာမှမဟုတ်တော့ဘူး ....လွမ်းတယ်"
"အင်း"
_Call ended_
အရင်ကဆို"ကိုယ်ကပိုလွမ်းတယ်"ဆိုပြီးတီတီတာတာတွေပြန်ပြန်ပြောတတ်တဲ့သူက အခုကျတော့ "အင်း"တစ်လုံးတည်းသာဖြေတော့သည်။ ဖုန်းဆက်တိုင်းလည်း ၅မိနစ်ပြည့်အောင်ပင်မပြောဖြစ်ကြတော့ပေ။
လွန်ခဲ့တဲ့လတွေထဲကသူ ပြိုင်ပွဲကြောင့်ဘယ်သွားရမယ်ဆိုတာကို ဟျောင်းက်ိုကြိုပြောထားပြီးသား ။ ဟျောင်း ကအဲ့ဒါကိုလည်းမေ့နေခဲ့တာပဲ။
အလုပ်များနေလို့မေ့သွားတယ်ဆိုတာကိုဆောင်းဟွန်းလက်ခံနိုင်ပေမယ့် ဟျောင်းကအခုတမင်သက်သက်သူ့ကိုဂရုမစိုက်နေသလိုခံစားရတော့ ဝမ်းနည်းမိသည်။
နှစ်ယောက်တွေ့တဲ့အချိန်တိုင်းလဲအရင်လိုမဟုတ်ဘဲစကားဝိုင်းတွေကအေးစက်စက်နှင့်။
ကိုကိုကအခုနောက်ပိုင်းဘာလို့ဒီလိုတွေပြောင်းလဲလာလည်းသူမသိပေ။ သူ့ဘက်ကတော့ဘာအမှားတစ်စုံတစ်ခုမှမကျူးလွန်ခဲ့တာတစ်ခုတော့တပ်အပ်ပြောနိုင်သည်။ဟျောင်း ကသူ့ထက်သာတဲ့တခြားတစ်ယောက်ကိုတွေ့သွားလ်ို့လား ဆိုတဲ့သံသဃစိတ်ကလည်းတစ်နေ့တခြားပိုပိုတိုးလာတာမို့ အဲ့လိုတွေးမိသည့် ကိုယ့်ကိုယ်ကိုလည်းစိတ်ပျက်မိသည်။
