"ဟိုကောင်လေးရော ဒီအကြောင်းတွေသိရဲ့လား"ဆိုးလ်မြို့ရဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့ဒီပတ်ဝန်းကျင်မှာသူနဲ့ အကိုဆူဘင်းအပြင်တခြားသူမရှိပေ။
အကြောင်းမှာလည်းဆူဘင်းအပိုင်ကော်ဖီဆိုင်လေးဖြစ်တာကြောင့်။
နံနက်စောစော ဆူဘင်းဆိုင်မဖွင့်ရသေးတာမို့
ဟီဆွန်းတစ်ယောက်ဒီကိုရောက်နေခြင်းပင်။
လေးလံနေတဲ့လေထုကြားကနှစ်ယောက်သားရဲ့စကားဝိုင်းလေးမှာသက်ပြင်းချသံကြားနေရသည်ကအခါပေါင်းမနည်းတော့။"seung-ah ဟိုကောင်လေးကိုမပြောရသေးဘူးလား"
"ဟင့်အင်း"
"မင်းနောင်တရမယ့်အဖြစ်တော့မလုပ်နဲ့နော် အငယ်လေး"
"အကို ကျွန်တော်သူ့ကိုချစ်မိလိုက်ကတည်းကနောင်တရနှင့်နေပြီးသားပါ"
ကော်ဖီခွက်ကိုအသက်မဲ့စွာငုံ့ကြည့်ရင်းနောက်ထပ်သက်ပြင်းချသံတစ်ချက်။
အကိုဆူဘင်းနဲ့သူကလွဲပြီး ဘယ်သူမှမသိသေးတဲ့အကြောင်းအရာတစ်ခု...
ထိုထိုအကြောင်းတို့ကိုတွေးမိလိုက်တိုင်းရင်ဘတ်ကအောင့်သက်သက်နှင့်။
ဒီနေ့လည်းထုံးစံအတိုင်း စိတ်ရှုပ်စရာကောင်းတဲ့အကြောင်းတွေကိုခနလောက်မေ့ပစ်ထားကြတာပေါ့။
"အကိုဆူဘင်း သူအဆင်ပြေမှာပါ ဟုတ်တယ်မလား"———————————————————
"ဆောင်းဟွန်း"
"ဗျာ"
"ကိုယ်ဒီနေ့လည်းလာကြိုလို့မရတော့ဘူးထင်ပါတယ်"
"၅ရက်ရှိပြီလေဗျာ ကျွန်တော်တို့မတွေ့ရတာ"
"ကိုယ်သီချင်းရေးနေတာမပြီးလောက်သေးဘူး ဒီညတော့studioမှာဘဲနေရလောက်မယ်"
"အာ အဲ့လိုလား ကျွန်တော်ကိုယ့်ဘာကိုယ်ပြန်လို့ရပါတယ်"
"ဘေဘီကိုယ်တိုင်ကားမောင်းမလို့လား"
"အင်းလေ ဘာလဲ ကိုကိုကကျွန်တော်ကားမမောင်းတတ်ဘူးလို့ထင်နေတာလား"