"နာမည်က အီဟီဆွန်းမလား?"
"ဟုတ်ကဲ့ပါဗျ"
ခမ်းခမ်းနားနားရှိလှတဲ့ စားသောက်ဆိုင်တစ်ခုထဲမှာတော့သူရယ်သူ့ဘေးနားကဆောင်းဟွန်းရယ် ...
ရှေ့မျက်နှာချင်းဆိုင်ခုံမှာတော့ ဆောင်းဟွန်းပါပါးနဲ့မာမား..
ပတ်ဝန်းကျင်လေထုကတော့နည်းနည်းတင်းမာနေပြီး ဟီဆွန်းအတွက်တော်တော်တော့နေရခက်နေသည်။ ဒါတောင်သူ့ကလေးလေးကစားပွဲအောက်ကနေပြီးလက်ကိုသေချာဆုပ်ကိုင်ပေးထားလို့သက်သာရာရသေးသည်။"အာပါးကလည်းကိုကို့ကိုဘာလို့တမင်ခြောက်နေတာလဲ ရုပ်တည်ကြီးနဲ့ဗျာ"
"ဆောင်းဟွန်း တိတ်တိတ်နေစမ်း"
"ကောင်လေး ကအဆိုတော်မလား "
ဒီတစ်ခါတော့သူ့အဖေနည်းနည်းလေသံပျော့လာမှန်းဆောင်းဟွန်းသတိထားမိသည်။"ဟုတ်ကဲ့ခင်ဗျ"
အခု ဟျောင်းဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးရယ်ချင်လိုက်တာ..
ဘယ်သူ့ကိုမှတော်ရုံကြောက်လေ့မရှိတဲ့ဟျောင်းကသူ့မိဘတွေရှေ့မှာတော့ငြိမ်ကုပ်ပြီး ကြောက်နေတာ.."ဆောင်းဟွန်းနဲ့ဘယ်မှာစတွေ့ကြတာလဲ?"
ဟမ်? ဟီဆွန်းခနတာတိတ်ဆိတ်သွားသည်။သူတို့နှစ်ယောက်ကဘားမှာစတွေ့တာဆိုပေမယ့်လူကြီးရှေ့ကိုအဲ့လိုဖြေရင်ကောင်းပါ့မလားလို့စဉ်းစားနေမိရင်းနဲ့ငြိမ်သက်နေမိတာ သူ့ဘေးနားကကောင်လေးဝင်ဖြေမှဘဲသတိရတော့သည်။
"ဘား မှာတွေ့တာပါဆို။ ပါပါးဟိုတစ်ခါကarticleမတွေ့လိုက်ဘူးလား ကျွန်တော်နဲ့ဟျောင်းနဲ့အဲ့ပုံတွေထဲမှာ—"
"ကျွန်တော်နဲ့ဆောင်းဟွန်းနဲ့က ဘားတစ်ခုမှာတွေ့တာပါ အဲ့နေ့ကစပြီးကျွန်တော်တို့တစ်ယောက်အကြောင်းတစ်ယောက်လေ့လာရင်းနဲ့အခုအခြေအနေရောက်လာတာပါ အန်ကယ်"
ဟိုကလေးကလူကြီးကိုမပြောသင့်တာတွေမပြောမိခင် သူ့မှာမနည်းကြားဖြတ်ပြောရသေးသည်။ ပတ်ဆောင်းဟွန်းကတော့တကယ်မနိုင်စိန်လေးပါဘဲ...။"ဟီဆွန်း-ahh သားကိုသေချာလေးဂရုစိုက်ပေးပါအုံး သူကတစ်ဦးတည်းသောဆိုတော့ငယ်ငယ်ကတည်းကအရမ်းဂျီကျတတ်တာ"
