Day-4...
ဟိုနေ့ကသူ့ကိုအိမ်ပြန်ပို့ပြီးကတည်းက အဲ့လူကြီးနဲ့မတွေ့ရတာ၄ရက်ရှိပြီ။ company ကတော့သူတို့လုပ်စရာရှိတဲ့အတိုင်း public ကို သူတို့နှစ်ယောက်အကြောင်းချပြလိုက်ပေမယ့် အဲ့လူနဲ့အဆက်အသွယ်မရတာ၄ရက်ရှိနေပြီမို့စိတ်ထဲမှာတော့သူ့ကိုမကျေနပ်ပေ။ message လေးတစ်စောင်တောင်ပို့ဖော်မရတာ.. သူ့ဖုန်းနံပါတ်ကိုတောင်သိမယ်မထင် ။ အင်း..ဟုတ်တော့လည်းဟုတ်ပါတယ်။ အီဟီဆွန်းနဲ့သူနဲ့က တကယ်တွဲနေကြတာမှမဟုတ်ဘဲ။ သို့ပေမယ့်လည်း အဲ့အကြောင်းစဉ်းစားတိုင်း ဝမ်းနည်းနေမိတဲ့ကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်ပေ။
မဟုတ်မှလွှဲရော...သူ့အပေါ်ခံစားချက်ရှိနေတာများလားး??
"အာ မဖြစ်နိုင်ပါဘူး!!"
ရုတ်တရက်ကြီးထအော်တဲ့သူ့ကြောင့် ရိုက်ကွင်းမှာရှိတဲ့သူတွေအကုန်လုံးသူ့ကို အဆင်ရောပြေရဲ့လား ဆိုတဲ့အကြ ည့်တွေနဲ့ကြည့်နေကြသည်။
"ဆောရီးပါ လုပ်စရာရှိတာဆက်လုပ်ကြပါဗျ"ဒီနေ့လေ့ကျင့်တာတစ်ရက်နားတော့entertainment တစ်ခုကသူ့ကိုinterview ရင်းကြော်ငြာရိုက်ပေးဖို့ကမ်းလှမ်းတာမို့ ရိုက်ကွင်းရောက်နေခြင်းပင်။ အကုန်ရိုက်လို့ပြီးပေမယ့်သူ့မန်နေဂျာကိုစောင့်နေရသေးတာမို့ ပတ်ဆောင်းဟွန်းတစ်ယောက်ပြန်လို့မရသေး။
လုပ်စရာမရှိတာနဲ့ ဂိမ်းပဲထိုင်ဆော့နေမိတော့တယ်။
"အဲ့တာ အီဟီဆွန်း မဟုတ်ဘူးလား?"
"သူတို့နှစ်ယောက်ကတွဲနေတာလေ"
"လာကြိုတာထင်တယ် ဆောင်းဟွန်းကို"
တစ်ယောက်တစ်ပေါက်နဲ့ဆူဆူညံညံအသံတွေကြားလို့ မော့ကြည့််မိတော့မှ သူ့ရှေ့တည့်တည့်ကိုလျှောက်လာနေတဲ့ အီဟီဆွန်း..။
ဆံပင်ဖွာဖွာလေးတွေကလည်းရေစိုနေပြီး make up ပါမလိမ်းထားတော့ပုံမှန်ထက်ပိုကြည့်ကောင်းနေတဲ့လူကြီး ကရေချိုးပြီးတာနဲ့ဒီကိုချက်ချင်းထွက်လာခဲ့သလိုပင်။ ပေါ့ပေါ့ပါးပါးshirt အဖြူနဲ့pant အရှည်ကိုသာဝတ်ားပေမယ့် ဆောင်းဟွန်းအမြင်မှာတော့ကြည့်ကောင်းလွန်းနေသည်။
"ဘေဘီ ဟေး ကိုယ့်ကိုပဲငေးကြည့်နေတော့မှာလား"
တစ်ချိန်လုံးငေးကြည့်နေမှန်းလူမိသွားတော့ပါးနှစ်ဖက်ကနီရဲရဲလေးဖြစ်လာသည်။
"ကျွန်တော်က ခင်ဗျား—အွန့်"
စကားမဆုံးခင်မှာတင်သူ့နှုတ်ခမ်းကိုဖြတ်နမ်းလိုက်တဲ့လူကြီးကြောင့် ဘာစကားမှထွက်မလာနိုင်တော့ပေ။ ရင်ဘတ်ထဲကအကောင်ကလည်း ပုံမှန်မဟုတ်တော့ ။ခုထိကြောင်စီစီဖြစ်နေသောသူ့အနားကိုတိုးကာ....
"ရိုက်ကွင်းရောက်နေတာလေ ဆောင်းဟွန်း ပြဿနာမတက်ချင်ရင် နည်းနည်းပါးပါးဟန်ဆောင်ပေးလို့မရဘူးလား"တဲ့။
အာ ဟုတ်သားပဲ ဟန်ဆောင်နေကြတာပဲ...။ စိတ်မကောင်းဖြစ်မိပေမယ့် သူ့ကိုယ်သူပြန်သတိပေးရင်း ဟန်ဆောင်ပြီးအတတ်နိုင်ဆုံးပြုံးကာဟီဆွန်းကိုပြန်ကြည့်မိသည်။
