"ပြောတော့ကျွန်တော့်ကိုအိမ်လိုက်ပို့မယ်ဆို ဘာလို့ခင်ဗျားအိမ်ရောက်နေတာလဲ"
ပတ်ဆောင်းဟွန်းတစ်ယောက်ကတစ်လမ်းလုံးငြိမ်ပြီးလိုက်လာပေမယ့်ကားရပ်လိုက်တာနဲ့ ပထမဆုံးစပြောတဲ့စကားကတော့သူ့ကိုအိမ်လိုက်မပို့လို့ရန်တွေ့နေခြင်းပင်။
" movie dateလုပ်ဖို့လေ"
"ကျွန်တော့်ကိုလည်းအရင်မပြောထားပဲနဲ့ လုပ်ချင်တိုင်းလုပ်နေတာပဲ ခင်ဗျားနဲ့မဒိတ်နိုင်ဘူး""ဆောင်းဟွန်း ခုနကကိစ္စကိုစိတ်ဆိုးနေတာဆိုရင်တော့ ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ"
"....."
"ကိုယ့်ဘာကိုယ်တောင်မသိလိုက်ပဲမင်းကိုအော်မိလိုက်တာ ကိုယ်မှားတာပါ နောက်ဘယ်တော့မှမအော်တော့ဘူး စိတ်ဆိုးပြေတော့နော်"
" ကျွန်တော်စိတ်မဆိုးပါဘူး.ထားလိုက်ပါအဲ့ကိစ္စကို အခုကျွန်တော့်ကိုအိမ်ပြန်လိုက်ပို့ပေးပါလား အိပ်ချင်နေပြီ"
"ဆောင်းဟွန်းနီးကလိမ္မာပါတယ် ကိုယ်နဲ့ခနပဲအဖော်လုပ်ပေးပါလား နော် ပြီးရင်အိမ်ပြန်လိုက်ပို့ပါ့မယ်နော် နော်"
ခုနကပဲသူ့ကိုစိတ်တိုပြီးအော်ခဲ့တဲ့လူကြီးမှဟုတ်ရဲ့လားမသိ။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့သူ့ကိုကြည့်ပြီးအဖော်လုပ်ပေးဖို့ပြောနေသည့်အီဟီဆွန်းပုံက ပုံမှန်နှင့်မတူဘဲချစ်ဖို့ကောင်းလွန်းသည်။ အခုကျတော့လည်းအမွှေးပွခွေးပေါက်ရုပ်လေးနှင့်တူသား။ ဒီချစ်စရာခွေးပေါက်လေးကိုသူဘယ်လိုငြင်းရပါ့မလဲ?..
အာ..နေပါအုံး.ဒီလူ ဆံပင်လည်းခြောက်အောင်မသုတ်ထားဘူး
"ဘာလို့ဆံပင်ကိုခြောက်အောင်မသုတ်ထားတာလဲ aishhအဲ့လိုနဲ့ဖျားသွားရင်ဘယ်လိုလုပ်မလဲ "
"ဟမ်??"
သူမေးတဲ့မေးခွန်းနဲ့ဘာမှလည်းမဆိုင်တဲ့အဖြေကိုဖြေလာတဲ့ပတ်ဆောင်းဟွန်းကြောင့်ခနတတာကြောင်နေမိသည်။"အာ ဘာလုပ်နေတာလဲ ကားပေါ်ကနေဆင်းရအောင်လေ"
"အော် အင်း အင်း"
ကားပေါ်ကဆင်းဆင်းချင်းအိမ်ထဲပြေးဝင်သွားတဲ့ကလေးပေါက်စကိုပြုံးကာရပ်ကြည့်နေမိသည်။
"အား!!!!!"
အိမ်ထဲကအလန့်တကြားအော်သံကြောင့်ဘာများဖြစ်ရပြန်ပြီလဲဆိုပြီးအသည်းအသန်ပြေးရပြန်သည်။
'ဟုတ်သားပဲ ရှင်းဂျယ်ယွန်းရှိနေတာဟိုကောင်လေးမှမသိဘဲ'
"ဒီမှာ ဘာဖြစ်နေကြတာလဲ"
"ဟျောင်း ဒီမှာလေ ကျွန်တော့်ဘာသာကျွန်တော်ရေချိုးမလို့င်္အကျီချွတ်ထားတာကို ဒီကောင်လေးကဘယ်ကနေဘယ်လိုဝင်လာလဲမှမသိတာ"
"မင်း ဒီမှာနေမယ်မှန်းငါမှမသိတာ "
"ခင်ဗျားကရော ကျွန်တော်နဲ့ဒိတ်ချင်တယ်ဆိုပြီးတခြားသူစိမ်းတစ်ယောက်ပါအိမ်ခေါ်ထားတာလား"
"ဆောင်းဟွန်း အဲ့လိုမ-"
"တော်ပြီ ကျွန်တော်ပြန်တော့မယ်ခင်ဗျားရဲ့ဟိုလိုလိုဒီလိုလိုအချစ်ဆုံးသူငယ်ချင်းနဲ့သာနေခဲ့လိုက်တော့"
သူ့ကိုနောက်တစ်ခါစိတ်ဆိုးပြီးထွက်သွားတော့မယ့်ကလေးကိုလက်ကောက်ဝတ်ကနေဆွဲပြီးတားလိုက်ရင်း
"ဆောင်းဟွန်း ကိုယ်ပြောပြ-"
"တော်ကြပါတော့ နှစ်ယောက်လုံး ကျွန်တော်ပြန်တော့မှာ ရေလည်းကိုယ့်အိမ်ကိုယ်ရောက်မှချိုးတော့မယ် နှစ်ယောက်သားနေခဲ့ကြပါတော့"ဟုဆိုကာ ချွတ်ထားတဲ့င်္အကျီကိုပြန်ဝတ်ရင်း ကားသော့ဆွဲပြီးထွက်သွားတဲ့ဂျယ်ယွန်း...။
အိမ်ထဲမှာကျန်ခဲ့တဲ့နှစ်ယောက်သားကြားကလေထုကတော့တင်းမာမှုတွေနဲ့အခြေအနေမကောင်းပေ။
"ဆောင်းဟွန်းahh ဂျယ်ယွန်းကမနက်ကတည်းကဒီကိုရောက်နေခဲ့တာ ကိုယ်မင်းကိုလာကြိုတော့သူပြန်သွားပြီထင်လို့မင်းကိုမပြောပြဖြစ်တာ"
"ကျွန်တော်မှားတာပါ သူ့ဘာသူဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကခင်ဗျားနဲ့မှမဆိုင်တာ"
"ဆောင်းဟွန်း ကိုယ့်ကိုကြည့်"
အောက်ကိုချည်းငုံ့ကြည့်နေတဲ့ကလေးကသူ့ကိုမော့ကြည့်လာတော့ အရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ဆုံရပါတော့တယ်
"ကိုယ်ပြောခဲ့တယ်မလား မင်းကကိုယ်နဲ့ဆိုင်တယ်လို့ .."
"ဆိုင်တယ်ဆိုပြီးကျွန်တ်ော့ကိုဘာလို့ပစ်ထားတာလဲ၄ရက်လုံး-လာမတွေ့တာကိုဘာမှမပြောလိုပါဘူး ကျွန်တော့ကိုmessage လေးတစ်စောင် ဖုန်းလေးတစ်ချက်တောင်ဆက်ဖော်မရတာလေ ဟမ် ကျွန်တော်ကခင်ဗျားအတွက်ကစားစရာအရုပ်နဲ့တူနေလို့လား ကျွန်တော်ကအဲ့လောက်လွယ်လား ဟမ်"
ပါးစပ်ကလည်းပြောရင်းလက်သီးဆုပ်သေးသေးလေးတွေကလည်းသူ့ရင်ဘတ်ကိုထုရင်းမျက်ရည်တွေပါကျနေသော သူ့ကလေးလေး..
ငိုနေတာရပ်ပြီးစိတ်ငြိမ်သွားပြီလို့ထင်တဲ့အချိန်မှ ဆောင်းဟွန်းရဲ့ပါးနှစ်ဖက်ကိုဖွဖွလေးအုပ်ကိုင်ပြီးသူနှင့်အကြည့်ချင်းဆုံစေသည်။
"ဘေဘီ..အခုကိုယ်ပြောတာနားထောင်တော့မလား"
"အ-အင်း"
"အရင်ဆုံး ကိုယ်ကဒီရက်ပိုင်းalbumအသစ်အတွက်အလုပ်များနေလို့ပါ အဲ့အတွက်တောင်းပန်ပါတယ်..."
"ရပါတယ် ကျွန်တော်ကသပ်သပ်မဲ့အလုပ်ရှုပ်-"
"ရှူးးကိုယ်ပြောစရာကျန်သေးတယ်လေ"ကလေးငယ်ရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ရင်း နှဖူးချင်းထိကပ်မိလိုက်တော့ သူ့ကိုအံ့ဩတကြီးကြည့်လာပါလေရဲ့။
"ဘေဘီ ကိုယ်ဒီအကြောင်းကိုသေချာအချိန်ပေးပြီးစဉ်းစားနေတာကြာပြီ အခုတော့မင်းကိုပြောဖို့အချိန်တန်ပြီထင်တယ်.."
"ကိုယ်တို့အတည်တွဲကြရအောင်..ဘေဘီ"tbc____
thanks for reading ဒီအပိုင်းကနည်းနည်းတိုသွားပါတယ် ဖတ်ရတာရောအဆင်ပြေကြရဲ့လားမသိ🥺
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/267929932-288-k447061.jpg)