"ကျွန်တော်သဘောကျနေတာကိုဘယ်တော့မှသတိထားမိမှာလဲ"တဲ့
မကြားချင်ဆုံးစကားကိုတစ်ချိန်ချိန်မှာတော့ကြားရမယ်ဆိုတာသိနေပေမယ့်ကလေးငယ်ကသူ့အပေါ် ဒီလောက်စောစောဝန်ခံလိမ့်မယ်လို့မထင်ခဲ့တာတော့အမှန်ပေ။
ဟုတ်ပါသည်။သူ့အားတစ်ကိုယ်ကောင်းဆန်သည်ဟုသတ်မှတ်ခြင်းကမှန်ပေသည်. ထို့အတွက်သူ့မှာငြင်းစရာမရှိပေ..။
သူ့ရှေ့ကကလေးငယ်ကိုပြန်ကြည့်မိတော့ ပါးလေးတွေရဲနေပြီးမျက်ဝန်းတွေကalcoholအရှိန်ကြောင့်ပိုပြီးညို့အားပြင်းသလိုလို။
"ကျွန်တော့်ကို ပြန်မဖြေတော့ဘူးလား ဟမ်"
ဆိုပြီးသူ့ပါးနှစ်ဖက်ကိုလက်သွယ်သွယ်လေးတွေနှင့်အုပ်မိုးကာအကြည့်ချင်းဆုံစေသည်။
အချင်းချင်းထိကပ်နေတဲ့နှဖူးကြောင့်ကြားထဲကအကွာအဝေးကတစ်ယောက်အသက်ရှူသံတစ်ယောက်ကြားနေရသည်အထိနီးကပ်လွန်းနေသည်။
"အင်း သိတယ်" နှစ်ကိုယ်စာကြားရုံမျှတိုးတိုးလေးပြန်ဖြေမိသည်။ အကြည့်ချင်းဆုံနိုင်စွမ်းမရှိတာမို့ခေါင်းငုံ့ထားတာကိုတော့ကလေးငယ်အားသတိိမထားမိစေချင်။သို့သော်..
"ကျွန်တော့်ကိုကြည့်"
ဒီအသံ ဒီလူသားကိုမလွန်ဆန်နိုင်ခြင်းဟာလည်းအားနည်းချက်တစ်ခုဟုအဓိပ္ပာယ်ဖွင့်ရင်တော့ပိုရာကျလိမ့်မည်။" အိပ်တော့လေ မင်းမူးနေပြီဆောင်းဟွန်း"
"ကျွန်တော့်ကိုနည်းနည်းလေးမှတောင်သဘောမကျဘူးလား?"
"ဆောင်းဟွန်း.."
"ကျွန်တော်ကခင်ဗျားtypeမဟုတ်လို့လား ဟမ်"
"ဘေဘီ..."
"ဘာလို့လဲ?ကျွန်တော်ဘာတွေပြောင်းလဲပေးရမလဲ ဘာတွေလုပ်ပေးရင်သဘောကျမှာလဲလို့"
ပြောရင်းနဲ့မျက်ရည်တွေပါကျနေတဲ့ဒီကောင်လေးကိုကြည့်မိတော့အားနာရပြန်သည်။
"မနာကျင်ချင်စမ်းပါနဲ့ ပတ်ဆောင်းဟွန်း"
"ကိုယ့်ကိုမချစ်နဲ့ ဘေဘီ""ခင်ဗျားပြောတိုင်းကျွန်တော်ကလိုက်လုပ်ရမှာလား?"
"နာကျင်ရတယ်ဆိုရင်တောင်အီဟီဆွန်းဆိုတဲ့ခင်ဗျားကိုဆက်သဘောကျနေမှာပဲ အဲ့တော့ခင်ဗျားလည်းကျွန်တော့်ကိုပြန်သဘောကျပေး ဒီတိုင်း ဒီတိုင်းသဘောမကျသေးရင်တောင်ကျွန်တော့်ကိုကြိုးစားခွင့်လေးတော့ပေးလို့မရဘူးလားဟင်"တဖြည်းဖြည်းနဲ့အသံတိမ်ဝင်သွားတဲ့သူ့ကလေးငယ်ရဲ့မျက်ဝန်းတွေကိုကြည့်မိတော့ငိုထားတာကြောင့်နီရဲနေသည်။
ဒီလောက်ဆံပင်တွေရှုပ်ပွပြီး ငိုထားတာတောင်မှလှနေဆဲဖြစ်တဲ့အရုပ်ကလေး..
ဘယ်သူမှသိပ်ပြီးသတိမထားမိတဲ့ ညာဘက်ပါးကမှဲ့လေးနှစ်ခုကသူ့နှုတ်ခမ်းတွေကိုဖိတ်ခေါ်နေနသယောင်ယောင်။ အရမ်းနီးကပ်နေသည့်အကွာအဝေးကိုပဲအပြစ်တင်လိုက်မိပြီး ထိုမှဲ့လေးတွေကိုနှုတ်ခမ်းပါးနှင့်ဖွဖွလေးထိကပ်မိသည်။ ထိုမှတစ်ဆင့်ကလေးငယ်ရဲ့နဖူးပေါ်ကိုလည်းအနမ်းခြွေမိသေးသည်။"ကျွန်တော့်ကိုပြန်သဘောကျပေးနော် နော် အကို"
"ဟွန်း ကိုယ်သတိပေးထားရက်သားနဲ့-"
သူ့စကားကိုအဆုံးသတ်ခွင့်မပေးဘဲခပ်နွေးနွေးနှုတ်ခမ်းတစ်စုံကသူ့နှုတ်ခမ်းပါးကိုလာဖိကပ်လေတော့ အလိုအလျောက်ကလေးရဲ့ခါးတွေကိုဖက်တွယ်ရင်း ပိုပြီးတိုးကပ်လိုက်တဲ့သူ့လက်တွေကိုတော့သစ္စာဖောက်လို့သတ်မှတ်ချင်မိသည်။ အချိန်အနည်းငယ်ကြာသည်အထိနမ်းနေရာကနေနှုတ်ခမ်းတစ်စုံကတဖြည်းဖြည်းနဲ့တုံ့ပြန်ခြင်းမရှိဘဲငြိမ်ကျသွားသည့်အခါမှကလေးပေါက်စကိုကြည့်မိတော့မျက်လုံးလေးမှိတ်ပြီးနှုတ်ခမ်းလေးဟကာအိပ်ပျော်သွားလေပြီ.."အိပ်တော့ လူဆိုးလေး"
______________________________________
TBCHAPPY MILKCARROT DAY!!!
ဒီညမှာတင်ချင်လွန်းလို့ အရမ်းတိုသွားပါတယ်^^
have fun reading !!love y'all <3 😞
