{make sure to play 8-letters by why don't we <acoustic ver> while reading this}
တုန်ရီနေတဲ့လက်တွေနဲ့ကင်မရာအနက်လေးကိုကိုင်ရင်းတစ်ဖက်ကလည်းစာအိတ်အဖြူလေးကိုကြည့်ကာ ငြိမ်သက်နေမိသည်။
ဟျောင်းအိမ်ကနေဘယ်လိုဖြစ်ပြီးသူ့အခန်းထဲကိုပြန်ရောက်လာလဲတော့မသိ။
သူသိတာတစ်ခုကတော့ဒါတွေအားလုံးဟာအိပ်မက်မဟုတ်တဲ့အမှန်တရားတွေဆိုတာပါဘဲ။ကြွေလက်စသစ်ရွက်ခြောက်တွေရဲ့အထီးကျန်မှု..ဟျောင်းမရှိတော့တဲ့သူ့ဘဝရဲ့အထီးကျန်မှု..သင်္ခါရတရားကလှတယ်လို့ဘယ်သူကများပြောခဲ့ပါသလဲ?..
မဖတ်ချင်ဆုံးစာတစ်စောင်ဆိုပေမယ့် ထပ်ပြီးနာကျင်စရာမရှိတော့တဲ့နှလုံးသားကြောင့် ဟျောင်း ဘယ်လိုပဲရေးထား ရေးထား သူလက်မခံနိုင်စရာအကြောင်းမရှိ ။
စာအိတ်ကိုဖွင့်လိုက်တော့ အရင်ဆုံးထွက်လာသည်က usb stickလေးတစ်ခု..။'သူ့အတွက် သေချာပြင်ဆင်ပြီးမှထားခဲ့တာပဲ ကိုကို ဟာ သိပ်ကိုဆိုးပါတယ်'
အနီးနားမှာရှိတဲ့ laptopကို ဆွဲယူရင်း ဟျောင်းပေးခဲ့တဲ့stickလေးကိုဖွင့်ကြည့်လိုက်တော့ ပေါ်လာတဲ့ '8 letters'ဆိုတဲ့ ဖိုင်လေးတစ်ခု..။
မသိစိတ်ထက်ပိုမြန်တဲ့လက်ကဖွင့်ကြည့်မိလိုက်တော့ စစချင်းထွက်လာတဲ့ဂစ်တာသံနဲ့အတူ
မယ်လိုဒီ ငြိမ့်ငြိမ့်လေးတွေ..
နောက်ပြီး မကြားရတာကြာပြီဖြစ်တဲ့ကိုကို့ရဲ့အသံချိုချိုလေး..လွမ်းမိတဲ့အချိန်တိုင်းဖုန်းဆက်ပြီးရစ်တတ်တဲ့သူ နဲ့ ဟျောင်း ရဲ့အရင်ကစကားသံတွေကိုပြန်ကြားယောင်နေဆဲ..
"ကိုကို ကကျွန်တော့်ကိုအမြဲတမ်းပစ်ထားတယ်"
"ဆောရီး ကိုသီချင်းရေးနေလို့ပါ"
"ဘာအကြောင်းလဲ"
"ဒါကတော့ သီချင်းထွက်လာရင်မင်းကိုယ်တိုင်နားထောင်ကြည့်ပေါ့"