"WHO AM I TO RESIST YOU?"
မီးရောင်စုံတွေနဲ့ကခုန်နေကြတဲ့သူတွေ
သီချင်းသံဆူဆူညံညံတွေကြားကပျော်ပါးနေတဲ့သူတွေ bar counterမှာထိုင်ပြီးသောက်နေတဲ့သူတွေ...
private club ဖြစ်တာကြောင့် သာမန်ဘားတွေလောက်တော့လူမစည်ပေ။ အသိုင်းအဝိုင်းကြီးတွေချည်းစုနေတာမို့လူတိုင်းလူတိုင်းက ကိုယ့်အဖွဲ့ကိုယ်စီနဲ့သာပျော်ပါးစားသောက်နေကြသည်။သူတို့ကိုကြည့်လိုက်ရင်တော့ နိဗ္ဗာန်ရောက်နေသလိုခံစားနေရသည်ဟုထင်ရသည်။
သို့သော် bar counter မှာထိုင်ပြီး စိတ်အလိုမကျဖြစ်နေသည်က ....
နှစ်ယောက်မရှိသော ပတ်ဆောင်းဟွန်း"ဒီကောင်ကတော့ငါ့ကိုထားခဲ့ပြီးဘယ်ဂျောင်ရောက်သွားပြီလဲမသိ"
"ပတ်ဂျေး မင်းပြန်လာရင်တော့ငါနဲ့တွေ့မယ်"
"ပတ် ဂျေးခွေးကောင်လေး မလိုက်ချင်ပါဘူးဆိုတာကို အတင်းခေါ်ခဲ့ပြီးတော့ ဘယ်ရောက်နေတာလဲ ဒီကောင်"ပတ်ဆောင်းဟွန်း တစ်ယောက်ကတော့ ချစ်သူငယ်ချင်းအကြောင်းကိုပွစိပွစိနဲ့ပြောနေပြီးဒေါသထွက်နေရှာတယ်..တကယ်ပဲသူမ
လိုက်ချင်ပါဘူးဆိုတာကိုမရမကခေါ်ခဲ့တဲ့သူငယ်ချင်းကအခုတော့သူ့ကိုထားခဲ့ပြီးဘယ်ရောက်နေမှန်းမသိလို့ပိုဒေါသဖြစ်ရသည်။
ပင်ကိုယ်စရိုက်ကိုက စကားနည်းပြီးအနေအေးတာမို့ တစ်ခါမှဒီလိုမျိုး ဘားတွေကို
မနှစ်သက်ခဲ့ပေ။
အခုလည်းထိုင်နေရာကသက်ပြင်းချနေသည်မှာ ၁၀ခါမကတော့။"တစ်ယောက်တည်းလား အလှလေး"
ဘေးနားကရုတ်တရက်လာထိုင်တဲ့လူတစ်ယောက်ကြောင့်အနည်းငယ်လန့်သွားမိသည်။
သူ့မျက်နှာကိုမော့ကြည့်မိတော့မှရင်းရင်းနှီးနှီးတွေ့ဖူးနေမှန်းခံစားလိုက်ရသည်။
နောက်မှသိလိုက်ရသည်ကသူ့ရှေ့မှထိုသူသည် ..သူ့ကို "အလှလေး" ဟု အချိုမြိန်ဆုံးအသံနှင့်ခေါ်လိုက်သည့်သူသည် ...
LEE HEESEUNG ..."ဟေးး ကိုယ့်ကိုပြန်မဖြေတော့ဘူးလား ဒီ
တိုင်းကြည့်နေတော့မှာလား"
ဆိုပြီး အရှေ့တိုးလာတဲ့ ထိုသူ။
"ဗျာ..အင်း"
"မင်းကိုကြည့်ရတာ ဒီလိုနေရာကိုမကြိုက်သလိုပဲဘေဘီ"
"ဘေဘီ" "ဘေဘီ" တဲ့... သူ့နှုတ်ဖျားကအဲ့စကားလုံးလေးဟာ ပတ်ဆောင်းဟွန်းကိုအသက်ရှူရပ်သွားစေတာကိုတော့ သူရှေ့မှထိုလူကြီးမသိပါ မသိသေးပါ...