"NEXT TO SKATE REPRESENTING THE 𝗥𝗘𝗣𝗨𝗕𝗟𝗜𝗖 𝗢𝗙 𝗞𝗢𝗥𝗘𝗔 ,𝗦𝗨𝗡𝗚𝗛𝗢𝗢𝗡 𝗣𝗔𝗥𝗞 "
လက်ခုပ်သံတွေနဲ့အတူ ရေခဲပြင်ပေါ်တစ်လှမ်းချင်းလှမ်းလာတဲ့ကောင်လေး..
မျက်ကွင်းညိုညိုတွေကတော့ဖြူဖျော့ဖျော့အသားအရည်ပေါ်မှာထင်းလို့။
ပုံမှန်ဆို ရေခဲပြင်ပေါ်ရောက်တိုင်း ပန်းနုရောင်နှုတ်ခမ်းပါးလေးတွေကပြုံးနေကျဆိုပေမယ့်ဒီနေ့တော့ပြုံးရမယ့်အကြောင်းပြချက်မှမရှိတာ..
အကြောင်းပြချက်လေးကပျောက်နေတာလည်းကြာရောပေါ့...တိုကျိုကိုရောက်နေတဲ့နှစ်ပတ်လုံး စာတစ်စောင်မပို့ ဖုန်းတစ်ခါတောင်မဆက်တဲ့ ချစ်သူကိုအပြစ်တင်ဖို့ထက် အဆင်မှပြေရဲ့လားဆိုတဲ့အတွေးကပဲဆောင်းဟွန်းစိတ်ထဲရစ်ဝဲနေမိသည်။
နောက်ဆုံးတစ်ခေါက်တွေ့လိုက်ရတာက ဟျောင်းသူ့ကို လေယာဉ်ကွင်းလိုက်ပို့တဲ့နေ့...
"ပြိုင်ပွဲနေ့ကျရင်ကိုယ်လာခဲ့မယ်နော် ဘေဘီ"
ဆိုပြီးသူ့နဖူးအပေါ်ခပ်နွေးနွေးအနမ်းလေးပေးရင်းနှုတ်ဆက်စကားဆိုတဲ့ကိုကိုက ဒီနေ့လည်းပေါ်မလာပေ။ဒီတိုင်းသွားခါနီးမလို့ သူစိတ်ချမ်းသာအောင်ဟန်ဆောင်ပြီး ပြောခဲ့တာမှန်း ရိပ်မိနေခဲ့ပေမယ့်လည်း နည်းနည်းလောက်တော့ ဟျောင်းကိုယုံကြည်ချင်ခဲ့တာ..မျှော်လင့်ချင်ခဲ့တာ...။
နောက်ဆုံးတော့လည်း ပိုချစ်ရသူဟာ နာကျင်ရစမြဲပါပဲ ...
အဲ့လိုဆိုရအောင်လည်း အခုအခြေအနေအရ သူ့ဘက်ကပဲတစ်ဖက်သတ်အချစ်ဖြစ်နေတာမဟုတ်လား..။
ဟျောင်းမှာက...ဟျောင်းမှာကသူချစ်ရတဲ့အမျိုးသမီး...ဂျူတီကုတ်အဖြူနဲ့ဆောင်းဟွန်းထက်အရာရာမှာသာနေတဲ့ကောင်မလေးရှိနေတာပဲ..။
"PARK SUNGHOON အာရုံစိုက်!!!"
နားထဲဝင်လာတဲ့နည်းပြအသံကိုသေချာနားထောင်ကြည့်တော့မှ ပြိုင်ပွဲထဲရောက်နေမှန်းပြန်သတိရမိသွားတယ်...Shit! ဘဝတစ်လျှောက်လုံးမျှော်လင့်ခဲ့ရတဲ့Olympicပြိုင်ပွဲကအခုတော့ဒီလိုပဲပြီးသွားတော့မှာလား..
![](https://img.wattpad.com/cover/267929932-288-k447061.jpg)