"ရှုံးတဲ့သူ ဘာလုပ်ကြေး??""တစ်ယောက်ခိုင်းတာတစ်ယောက်လုပ်ကြေး"
"အိုကေ"
သူ့ကိုစိတ်ကောက်ပြေပြီးပထမဆုံးပြောတဲ့စကားက "ဂိမ်းဆော့ရအောင်"တဲ့။ဒီကလေးကသူအဖြေရှာလို့မရတဲ့သင်္ချာပုစ္ဆာတစ်ခုလိုပါဘဲ။မိနစ်ပိုင်းအတွင်းမှာတောင်စိတ်အပြောင်းအလဲအရမ်းမြန်တဲ့ဆောင်းဟွန်းကို သူလွယ်လွယ်နဲ့ခန့်မှန်းလို့မရပေ။
အခုလည်း နိုင်မှာမဟုတ်ဘဲနဲ့သူ့ကိုစိန်ခေါ်နေတဲ့ပင်ကွင်းပေါက်စလေးကဂိမ်းအစပိုင်းဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ရယ်ရယ်မောမောရှိတုန်း။ ဒါကလည်းသူ့ဘက်ကခနလေးအလျော့ပေးထားရုံပါ ။
-
-"ဟာ ကိုကိုအဲ့တာညစ်တာ ကျွန်တော် ရှုံးတာမဟုတ်ဘူး""ကျွန်တော်နောက်တစ်ပွဲကျသေချာပေါက်ကိုကို့ကိုနိုင်မှာ ကြည့်ထားလိုက်"
"အားး ရား ဟျောင်း!!!ဘာလို့ကျွန်တော့်ကိုအရှုံးမပေးတာလဲ"
"ဒီတစ်ခါလည်း ရှုံးပြန်ပြီ စက်ကပျက်နေတာထင်တယ်"
"ဟား ဟား ဟား ဆောင်းဟွန်းနီး တော်ပါတော့ ကိုယ့်ကိုနိုင်မှာလည်းမဟုတ်ဘဲနဲ့"
"အဲ့တာက ကိုကတအားတော်နေတာလေ ကျွန်တော်ညံ့တာမှမဟုတ်တာ"
"စက်ပျက်တဲ့ပုံကလည်းထူးဆန်းလိုက်တာနော် ၄ပွဲလုံးကိုယ်ကချည်းနိုင်နေတာ"
"......"
ဒီတစ်ခါမှပေးအနိုင်မပေးရင်ဒီကောင်လေးကဒီနေ့အိပ်ပျော်ပါ့မလားမသိ။ နောက်ဆုံးတစ်ခေါက်လေး အလျှော့ပေးဖို့ဆုံးဖြတ်လိုက်ပြီး
"လာ နောက်တစ်ခါထပ်ဆော့ကြတာပေါ့ ဒီတစ်ခါတော့ကိုယ့်ကိုနိုင်အောင်လုပ်နော်"