"ကျွန်တော်တို့တွဲနေကြတာအမှန်ပါလို့ပြောလိုက်ပါ"
"ဗျာ???"
ခုနကဘဲသူ့ကိုမကြည်တဲ့တဲ့အကြည့်နဲ့ကြည့်နေတဲ့ဒီလူကခုတော့ဘယ်လိုစကားတွေလာပြောနေလဲမသိ။
"မရပါဘူး ကျွန်တော်တို့တွဲနေတာမှမဟုတ်တာ"
ဆောင်းဟွန်းဘက်ကခံပြောလိုက်တော့သူ့ကိုပြန်ကြည့်လာတဲ့ထိုလူ..
စစတွေ့ချင်းတုန်းကလိုတော့အေးစက်စက်မျက်နှာထားမဟုတ်ပဲ အခုဟာက လူယုတ်မာအပြုံးနဲ့သူ့ကိုကြည့်နေတာ.. အာ ဒီလူဘာတွေကြံအုံးမလို့လဲမသိ?!
"အာ့ဆို ကိုယ်တို့အခုတွဲလိုက်ကြမလား
ဘေဘီ ဟမ်??"
"ဘာ ရူးနေလား ခင်ဗျား ဘာဖြစ်ချင်နေတာလဲ?"
"ကိုယ်တို့အခုတွဲကြမယ်လို့ပြောနေတာလေ ဘေဘီရဲ့"
"ကျစ်.."
သူ့ကိုသဘောကျလို့တွဲဖို့အတည်ပြောတာမဟုတ်ဘဲ တမင်သက်သက်နောက်ပြောင်ပြီးပြောနေတာမို့ ပိုပြီးဒေါသထွက်ရသည်။ အခုချိန်မှာဒီလူမျက်နှာကိုမြင်တွေ့ရတာ အကုသိုလ်များလွန်းအားကြီးလို့မမြင်ချင်တော့ပေ။
သည်းမခံနိုင်သည့်အဆုံး အခန်းပြင်ထွက်ဖို့မတ်တပ်ထတော့မယ့်အချိန်စကားစပြောလိုက်သည့်CEOကြောင့် ခြေလှမ်းတွေငြိမ်ကျသွားရပြန်သည်။
"အဟမ်းးစဉ်းစားကြည့်ရင်Heeseung ပြောတာလည်းသဘာဝကျတာပဲ "
"ဗျာ????"
ပတ်ဆောင်းဟွန်းကိုကြည့်ရတာတကယ်ကမ္ဘာပျက်နေသည့်အတိုင်းပင် ။ မျက်လုံးလေးပြူးကာ သူ့CEOပြောတာကို အံ့ဩတကြီးဖြစ်နေတဲ့ပုံက တစ်ယောက်သောသူအမြင်မှာချစ်ဖို့ကောင်းလွန်းနေသည်။"ဒီနည်းလမ်းကအကောင်းဆုံးဖြစ်တာမို့ မင်းတို့တစ်ယောက်ကိုတစ်ယောက်အချိန်ယူလေ့လာပြီး တွဲသင့်တယ်လို့တော့ ငါထင်တယ် ။ publicကိုတော့ တွဲနေပါတယ်လို့ပဲအရင်ပြောလိုက်မယ် ..Heeseung shii ဘက်ကရောလက်ခံတယ်မလား?"
"Nae ကျွန်တော်တို့agency ကလည်းလက်ခံပါတယ် " သူနဲ့အတူပါလာတဲ့manager ရဲ့စကားအဆုံးမှာဟီဆွန်းပြုံးမိလိုက်သည်။
"ဒါဆို ခွင့်ပြုပါအုံး"
နှစ်ဖက်agencyကအချင်းချင်းနှုတ်ဆက်ပြီး အခန်းပြင်ကို ရောက်ပြီးနေပေမယ့် အထဲမှာကျန်ခဲ့သည်က သူတို့သုံးယောက်.. သို့သော် ..
"ဆောင်းဟွန်း ငါပြန်နှင့်တော့မယ်နော် မင်းမှာလိုက်ပို့ပေးမယ့် မင်း လူကြီးလည်းရှိတယ်ဆိုတော့ ..သွားပြီ ဟေ့ကောင်"
ပြောပြီးချင်းချင်း ထပြေးသွားတဲ့ပတ်ဂျေးကြောင်းဆောင်းဟွန်းဘာမှတောင်ပြန်ပြောချိန်မရလိုက်..။စိတ်ထဲမှာကျိန်ဆဲနေတာတော့အမှန်ပင်..။ ပတ်ဂျေးမှာလည်းအခန်းအပြင်ရောက်မှသာအသက်ရှူချောင်တော့သည်။
"ဟူး..မင်းလူကြီးနဲ့နေခဲ့ပေတော့ငါ့ကောင်ရေ"
