ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_3

2.7K 206 0
                                    

Part-3

အိမ်မက်ထဲတွင်၀မ်ရိပေါ်တစ်ယောက်သည်အခန်း‌တစ်ခန်း၏တံခါးအ၀လေးတွေမတ်တပ်စုံရပ်လျက်ငိုရှိုက်နေလေသည်။
"ရှင် အဲ့ကောင်မနဲ့ပက်သတ်နေတာဘယ်လောက်ကြာပြီလဲ"
"ဘယ်လောက်ကြာကြာကွာ မင်းတော်တော်အပူကြီးတဲ့မိန်းမဘဲ"
"ရှင်ရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေဘယ်လောက်များနေပြီလဲ ကျွန်မကရောလင်ယောင်္ကျားရဲ့ဖောက်ပြန်မှုတွေကိုနောက်ကနေငွေထုပ်ကိုင်ပြီးရှင်းရတဲ့ဘ၀မှာဘယ်လောက်ထိနေရဦးမှာလဲ"
"ကျွတ်ကွာ မင်းကိုလုံလောက်တဲ့ပိုက်ဆံပေးထားတယ် ပြီးတော့ငါဘယ်လောက်ရှုပ်ရှုပ် မင်းကငါ့ရဲ့တရား၀င်မိန်းမဘဲ ငါပိုင်တာအကုန်မင်းဘဲရမှာ‌ တော်ပြီလေ မင်းကဘာထပ်ဖြစ်ချင်တာလဲ"
"ပိုက်ဆံပေးရင်ရပြီပေါ့ ဟုတ်လား ရှင်ကပိုက်ဆံပေးရုံနဲ့ကျွန်မကရှင်ဘယ်သူနဲ့အိပ်အိပ်ခွင့်လွှတ်ပေးရမယ်ပေါ့ ဟုတ်လားဟမ် လူယုတ်မာရဲ့"
"ဟာ မင်း ပြောဦးကွာ"
"မားကို မလုပ်ပါနဲ့ ပါးရေမားကိုမလုပ်ပါနဲ့"
"ဟယ် သားလေးရေမအိပ်သေးဖူးလားကွယ်"
"မားကိုမလုပ်ပါနဲ့ မားမငိုပါနဲ့"
"အော် မငိုပါနဲ့သားရယ် လာလာ မားလိုက်သိပ်မှာပေါ့ကွယ် မငိုနဲ့တော့ လာ"
မားက ရင်ခွင်ထဲထည့်ကာ လက်ကမချတမ်းသိပ်တာမို့၀မ်ရိပေါ်အိပ်ပျော်သွားတော့သည်။

သူ့ကိုတစ်စုံတစ်ယောက်ရဲ့ချီယူမှုကြောင့် ၀မ်ရိပေါ်ကနိုးလာလေသည်။
"ဟင် မား ဘယ်သွားမို့လဲ"
"အော် သားနိုးလာတာလား လာမားတို့သားအမိဒီနေရာကနေအဝေးကြီးကိုတူတူသွားရအောင် သားလိုက်မယ်မလား"
"ဟင် ပါးကရော"
"အော် သူက"
"မင်းသွားချင်ရင် ထွက်သွား ကလေးထားခဲ့လို့ငါပြောတယ်နော်"
"ဘာလို့ထားခဲ့ရမှာလဲ ဒါကျွန်မသား ကျွန်မခေါ်သွားမယ်"
"မလိုဘူး မင်းဘာသာမိုက်မိုက်ကန်းကန်းနဲ့ဆင်းရဲတွင်းတိုးမယ့်ဘ၀ထဲ ငါ့သားပါအပါမခံနိုင်ဘူး"
"ကျွန်မကလဲ ကျွန်မသားကို မိထွေးလက်ထဲမထားခဲ့နိုင်ဘူး"
"မင်းပါးစပ်ပိတ်ထား"
"ပိတ်ထားမှာပါ ဒါပေမဲ့ကျွန်မသားကိုကျွန်မရအောင်ခေါ်မှာ"
"အေး ခုသွားမယ်ဆိုမင်းမှာနေစရာဘယ်မှာလဲ စားစရာဘယ်မှာလဲ င့ါလက်ထဲမှာပိုက်ဆံသုံးရုံ ဈေး၀ယ်ထွက်ရုံဘဲတတ်တဲ့မင်းကဘာလုပ်စားတတ်မှာလဲ ပြီးတော့ရောမင်းရှာဖွေတဲ့ပိုက်ဆံလေးနဲ့ငါ့သားကကျောင်းတောင်မှန်အောင်တတ်နိုင်ပါ့မလား"
"......"
"ဒါဘဲလေ ရှေ့ဆက်မင်းသွားရမယ့်လမ်းကမှောင်မိုက်နေတယ် မင်းသွားမယ့်အမှောင်လမ်းထဲသားကိုပါခေါ်မသွားနဲ့ မင်းသားကိုတကယ်ချစ်တယ်ဆိုသေချာစဉ်းစားပေါ့"
သူမဆွံအသွားရသည် သူမဟာသူ့သားလေးကိုရူးမလောက်ချစ်သည် ဒါကြောင့်မို့လဲဒီလင်သားရဲ့ဖောက်ပြန်မှုတွေကိုသူ့သားလေးတစ်မျက်နှာနှင့်မသိကျွမ်းကျွံပြုကာနေခဲ့သည် ခုတော့လက်ပါပါလာသည့်ယောင်္ကျားတစ်ယောက်ကိုသူမသည်းခံပြီးဆက်မပေါင်းနိုင်။
သားလေးဟာ သိပ်ညဏ်ကောင်းသည် သိပ်ချစ်ဖို့ကောင်းသည် လိမ္မာလှသည် သားလေးကိုမြင့်မားတဲ့ဘ၀မှာရှိစေချင်ခဲ့တာဟာသူမရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ပင်။
သူမတောင်ဘယ်မှာနေရမှန်းမသိဖြစ်နေချိန်တွင်သားလေးကိုခေါ်သွားမိလျှင်သားလေးဟာပညာတတ်ကြီးဖြစ်လာဖို့ဆိုတာဝေးသွားနိုင်သည် ‌သား‌လေးကို လက်ညိုးညွှန်ရာရွှေဖြစ်နိုင်သောဘ၀က စားရမဲ့မဲ့ဘ၀မျိုးကိုရောက်အောင် သူမမဆွဲချနိုင်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ