Part_9
ရှောင်ကျန့်သူနောက်တွင် လူတစ်ယောက်လိုက်ကြည့်သလိုခံစားနေခဲ့ရတာကြာခဲ့ပြီ ဒါပေမဲ့စိတ်ထင်လို့နောက်ကိုလှည့်ကြည့်တိုင်း ဘယ်သူ့ကိုမှမတွေ့သဖြင့် သူစိတ်မှတ်မှားသည်သာထင်သည် ဒီညနေလဲ ရိပေါ်မပါဘဲခဏရှော့ပင်းမောသို့သွားရာ နောက်ကတစ်ယောက်ယောက်လိုက်လာသလိုခံစားမိနေသည်။
တိုက်ပေါ်အမြန်ပြေးတတ်လိုက်ရင်း TV Gameဆော့နေသော ရိပေါ်ကိုအားကိုးတကြီးပြောပြမိလေသည်။
"အကိုပြန်လာပြီလား"
"အင်း ရိပေါ် ငါ"
"ဒီညနေဘာချက်မှာလဲ"
"ရိပေါ် ခဏနေပါဦး ငါပြောတာနားထောင်ဦး"
"အင်း ပြော"
"ဒီကိုကြည့်ဦး"
ရှောင်ကျန့်က Gameဆော့မပြတ်သောရိပေါ်ကို
သူနဲ့တည့်တည့်ဖြစ်အောင် ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုကိုင်၍ သူ့ဘက်ကိုဆွဲလှည့်လိုက်သည်။"ငါ့ကိုကြည့်ဦးလို့ ၀မ်ရိပေါ်"
"ရော် ကြည့်ပြီ ကြည့်ပြီ"
ရှောင်ကျန့်က စိတ်ရှုပ်နေသည့်ကြားမှ သူ့လက်ထဲမှရိပေါ်ပါးဖောင်းဖောင်းလေးကိုကြည့်ရင်းအသည်းယားမိသွားသေးသည်။
"ငါလေ ခုတလော ငါ့နောက်ကနေတစ်ယောက်ယောက်လိုက်နေသလိုခံစားရတယ်"
"ဟမ်"
"အင်း တော်တော်ကြာနေပြီ ငါခံစားရတာ"
"အကို လှည့်မကြည့်ဘူးလား"
"လှည့်ကြည့်တာပေါ့ ဒါပေမယ့်ဘာမှမတွေ့ဘူး"
"အင်း ဒါဆို"
ရိပေါ်က မျက်မှောင်လေးကျုံရင်း လက်လေးနဲ့သူ့မေးစေ့လုံးလုံးလေးကိုပွတ်ကာ အလေးအနက်စဉ်းစားဟန်ပြုနေသည်မို့ ရှောင်ကျန့်ကလဲ မျက်လုံးဝိုင်းဝိုင်းလေးဖြင့်ရိပေါ်ပြောမယ့်စကားကို စိတ်၀င်တစားစောင့်စားနေမိသည်။"ဝေါင်း သရဲပေါ့ ဒီလိုလေ"
"အမလေး"
ရိပေါ်က ငြိမ်နေရာမှရုတ်တရက်ထအော်ကာ သရဲဆိုသောစကားကြောင့်ရှောင်ကျန့်ကလန့်အော်မိသည် အလန့်ပြေသွားမှစပ်ဖြဲဖြဲလုပ်နေသောရိပေါ်မျက်နှာကိုဆိုဖာပေါ်က ခေါင်းအုံးနဲ့လှမ်းထုလိုက်လေသည်။
"၀မ်ရိပေါ် မင်းနဲ့ဆို ဘယ်တော့မှအကောင်းပြောလို့မရဘူး ငါမင်းကိုမုန်းတယ်သိလား"
"ဟုတ်လား ကျနော်ကတော့ချစ်တယ်သိလား"
၀မ်ရိပေါ်က ရှောင်ကျန့်ထုလိုက်သော ခေါင်းအုံးလေးကိုဆွဲကာ ချစ်စနိုးပြောလေသည်။
ရှောင်ကျန့်က ရိပေါ်ရစ်တော့မှာကိုကြိုမြင်နေသဖြင့် ထုံးစံအတိုင်းစကားလမ်းကြောင်းလွှဲကာ ထပြေးဖို့ပြင်လေသည်။
ESTÁS LEYENDO
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanficChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...