ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_16

1.9K 148 0
                                    

Part-16

ဒီနေ့ နေမကောင်းဖြစ်ချင်သလိုနဲ့ ကိုက်တက်လာသောခေါင်းတွေကြောင့် ရိပေါ် အိမ်ကိုစောစောပြန်လာခဲ့ရသည် အိမ်ပြန်ရောက်တာနဲ့ ရင်၀စောင့်ကန်ရသည့်အဖြစ်က စောင့်ကြိုနေခဲ့လေပြီ။
"အကိုလေး အကိုလေးအတွက်စာရောက်နေပါတယ်"
"ဘယ်ကလဲ"
"ရှောင်ကျန့်ဆိုတဲ့လူကပါ အကိုလေးရဲ့အ၀တ်အိတ်တွေပါ လာပို့ပေးတာပါ အ၀တ်အိတ်တွေကိုတော့ အပေါ်ကိုပို့ပေးပြီးပါပြီ အကိုလေး"
"ဟုတ်လား ပေး ပေး"
ရိပေါ်က အဒေါ်ကြီးဆီကစာကို အမြန်ယူရင်း ဖွင့်ဖတ်လိုက်သည်။

*ရိပေါ် ငါ Chongqingကို ဒီနေ့အပြီးပြန်တော့မယ် တိုက်ခန်းကိုလဲပြန်အပ်လိုက်ပြီမို့ မင်းရဲ့အ၀တ်အစားတွေကိုပြန်ပို့ပေးလိုက်တယ်နော် ဟိုနေ့ကမင်းကိုရိုက်လိုက်မိတဲ့အတွက်ငါတောင်းပန်ပါတယ်နော် ရောက်လေရာနေရာတိုင်းမှာ ငါပေးတဲ့မေတ္တာကြောင့် မင်းလုံခြုံပါစေ ရှောင်ကျန့်*

Chongqingကို အပြီးပြန်တော့မတဲ့လား အကိုကကျနော့်ကိုတကယ်ထားခဲ့တော့မလို့လား ဟင့်အင်း အကို ကျနော့်ကိုဒီလိုလွယ်လွယ်ထားခဲ့လို့မရပါဘူး အကိုထားချင်တိုင်းထားခဲ့လို့ရရိုးလား။
စာကိုအမြန် အင်္ကျီအိတ်ကပ်ထဲထည့်ရင် ရိပေါ်ကားဆီသို့အမြန်ပြန်ပြေးလာမိကာ
"တိုက်ခန်းကို အမြန်မောင်း"
"ဟုတ်ကဲ့ အကိုလေး"
ရိပေါ်က လမ်းတစ်လျှောက်လုံးပါးစပ်ကခပ်တိုးတိုးလေး ရေရွတ်နေမိသည်က ရှောင်ကျန့်ဆိုသောနာမည်လေး။

တိုက်ခန်းရှေ့ရောက်တော့ တိုက်ဆိုင်စွာပင် ပစ္စည်းတွေကို ကားထဲထည့်နေသောရှောင်ကျန့် ကားပေါ်ကဆင်းပြီးရုတ်တရက်ရှောင်ကျန့်ရှိရာသို့ပြေးရန်ကြံရွယ်ခိုက် ရိပေါ်ခြေလှမ်းတို့ရပ်တန့်သွားရသည် ‌ရှောင်ကျန့်နောက်ကသေတ္တာပုံးလေးကိုင်ရင်းလိုက်လာ‌တဲ့ယွီရှင်း။
အကိုက တစ်ယောက်ထဲသွားတာမဟုတ်ဘူးဘဲ ယွီရှင်းနဲ့ကိုး တကယ်ဘဲယွီရှင်းနဲ့တူတူနေမှာပေါ့။
ယူကျူံးမရစွာ သူတွေးနေခိုက်မှာဘဲ ရှောင်ကျန့်အကြည့်တွေက ဘေးဘီဝဲယာဆီရောက်နေတာမို့ သူ့ကိုမ‌တွေ့ရအောင် ကားထဲပြန်၀င်နေလိုက်မိသည် သူကအရှုံးသမားဘဲလို့တွေးမိတော့ မချိပြုံးလေးပြုံးလိုက်မိသေးသည်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Où les histoires vivent. Découvrez maintenant