Part-7
ခုတလောရှောင်ကျန့်နဲ့၀မ်ရိပေါ်ရဲ့ဆက်ဆံရေးမှာအဆင်ပြေလှသည်တော့မဟုတ် ယွီရှင်းပင်ကိစ္စနောက်ပိုင်းကတည်းက မကြာခဏဆိုသလို စကားနိုင်လုရင်းစကားများတတ်ကြသည် စကားနိုင်လုရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ ၀မ်ရိပေါ်ပြောတဲ့ချစ်တယ်ဆိုတဲ့စကားကိုအဖြေပေးရန်ဟိုရှောင် ဒီရှောင်လုပ်နေသောရှောင်ကျန့်ကြောင့်ပင်။
ရှောင်ကျန့်ကရိပေါ်ကိုလမ်းကြားလေးထဲမှာ လိုက်ရှာနေရင်း လွန်ခဲ့တဲ့နှစ်လကရိပေါ်မွေးနေ့တွင်စကားများတဲ့အကြောင်းကိုပြန်စဉ်းစားမိလေသည် ထိုနေ့ကရိပေါ်မွေးနေ့မို့ ရှောင်ကျန့်က စကိတ်စီးရတာကြိုက်လှသူရိပေါ်အတွက် ယုန်ပုံလေးပါသောစကိတ်လေးလက်ဆောင်၀ယ်ပေးမိသည်။
ပေးစကတော့ ရိပေါ်ရော ရှောင်ကျန့်ရောပျော်ကြသည် ထို့နောက်တော့ရိပေါ်ကထုံးစံအတိုင်းထဖောက်လေသည် သူလိုချင်တာစကိတ်မဟုတ်ဘူး ရှောင်ကျန့်စီကအဖြေဘဲလိုချင်တာပါဟုပြောကာ စတင်သောင်းကျန်းခြင်းသာဖြစ်သည်။
ဒါပေမဲ့လဲ ကြာကြာစိတ်မဆိုးနိုင်သောသူတို့နှစ်ယောက်ထုံးစံအတိုင်း နှစ်ရက်မပြည့်ခင်ပြန်တည့်သွားရပြန်သည်။"တောက် ဒီကောင်လေးဘယ်သွားနေပြန်လဲ မသိဘူး"
ရှောင်ကျန့်ကရှာရင်းမှစိတ်တိုလာမိသည် ကျောင်းပြန်ချိန် ဒီမှာစောင့်နေကျကိုဘယ်သွားမှန်းမသိ အိမ်များကို့ဘာသာပြန်သွားလေပြီလား။
ဖုန်းဆက်တော့လဲ ဖုန်းမကိုင်ဘဲ ဆွဲချပစ်နေသောရိပေါ်ကြောင့် ရှောင်ကျန့်ကပိုစိတ်တိုလာမိသည် ဘာပြသာနာရှာချင်ပြန်ပြီလဲမသိ ဒီကောင်လေး ခုတလောစိတ်ဆတ်လွယ်သည် သူစိတ်မထင်တိုင်း ခုထိအဖြေမပေးတဲ့အကြောင်းကိုအစဖော်က သောင်းကျန်းတတ်လာသည်။
တခါတရံစိတ်တိုလာရင် ကျောခိုင်းအိပ်ရုံမကဘဲ ဝုန်းဒိုင်းလုပ်ကာ ဆိုဖာပေါ်သွားအိပ်တတ်လာသည် ရှောင်ကျန့်ကလဲကို့အပြစ်နဲ့ကိုယ်မို့မဆူသာတော့။ရှောင်ကျန့်အိမ်ပြန်ရောက်တာ သော့ကပွင့်နေတာမို့ ပိုစိတ်တိုသွားရပြန်သည် တံခါးဖွင့်တော့အခန်းကမှောင်မဲနေသည်မို့ ခေတ္တကြောင်သွားမိသည် ထိုအခိုက်
"Happy birthday to you အကို"
ဖျက်ခနဲလင်းလာသောဖယောင်းတိုင်မီးလေးနှင့်အတူ ကိတ်မုန့်လေးပါကိုင်ထားပြီး သူ့ဆီသို့တဖြည်းဖြည်းလျှောက်လာသောရိပေါ်ကိုတွေ့ရသည် ရုတ်တရက်ရှောင်ကျန့်မှာပျော်ရွင်မှုနှင့်အတူ မျက်ရည်ဝဲမိရပြန်သည်။
"မွေးနေ့မှာပျော်ရွင်ပါစေ ရှောင်ကျန့်"
"၀မ်ရိပေါ် မင်းရိုင်းပြန်ပြီ"
"နောက်မှဆူတော့ အရင်ဆုတောင်းပြီးမီးမှုတ်လိုက်ဦး"
"အင်း"
ရိပေါ်က မျက်လုံးလေးမှိတ်ကာ လက်ချင်းယှက်၍ ဆုတောင်းနေသောရှောင်ကျန့်ကိုသဘောကျစွာပြုံးကြည့်နေမိသည်။
CZYTASZ
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanfictionChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...