Part-12
ရိပေါ်က တစ်ယောက်ထဲ ယွီရှင်းပြောသွားတဲ့စကားတွေအကြောင်းပြန်တွေးနေမိသည် ရှောင်ကျန့်ဆီလဲမသွားချင်သေးတာမို့ ဆေးရုံပန်းခြံထဲမှာထိုင်နေမိသည် ဘာတွေလဲ သူမသိအောင်ရှောင်ကျန့်ဘာတွေလုပ်ထားတာရှိလဲ ပြီးတော့ဟိုတနေ့က ရှောင်ကျန့်သွားတွေ့တဲ့လူက ယွီရှင်းမဟုတ်ဘူးဆိုတော့ဘာလဲ သူရှောင်ကျန့်မသိအောင် လိုက်စုံစမ်းရမလား။
"ရိပေါ်"
ရှောင်ကျန့်ရောက်လာတာမို့ ရိပေါ်ကချက်ချင်းထပြီး ရှောင်ကျန့်ကိုသွားတွဲလိုက်သည် ဖြူဖြူဆွတ်ဆွတ်အသားရည်လေးနဲ့လိုက်ဖက်ညီသော ဆေးရုံ၀တ်စုံအဖြူလက်ရှည်လေးနဲ့ရှောင်ကျန့်ဟာ ရိပေါ်မျက်လုံးထဲ တကယ့်ကလေးလေးလို ချစ်စရာပင်။"ဘာလို့လိုက်လာတာတုန်း ကျနော်လာမှာပေါ့"
"မင်းကြာနေလို့လေ ဆရာမတစ်ယောက်ကိုမေးတော့ မင်းကိုပန်းခြံထဲတွေ့တယ်ဆိုလို့"
"အော်"
ရိပေါ်က ဒါဘဲပြောပြီးပြန်ငြိမ်သွားပြန်လေသည် ရိပေါ် ယွီရှင်းကိုများတွေ့လိုက်သလား။
"ရိပေါ်"
"ဟင်"
"ခုဏက ယွီရှင်းလာသွားတယ်"
"အင်း ကျနော်တွေ့တယ် စကားလဲပြောသွားတယ်"
"ဘာတွေပြောလဲ"
ရိပေါ်က သူ့ကိုစိတ်၀င်တစားကြည့်နေသော ရှောင်ကျန့်မျက်လုံးလေးတွေကိုလှမ်းကြည့်သည် ရှောင်ကျန့်မျက်လုံးလေးတွေကတခြားလူတွေနဲ့မတူဘဲ မျက်လုံးကစိတ်ရဲ့ထွက်ပေါက်ဆိုတဲ့အတိုင်း တကယ့်ကိုကြည်ကြည်တောက်တောက်လေး ဒီမျက်လုံးတွေကို သူချစ်လှသည်။"ဒီလိုပါဘဲ ဟိုဟိုဒီဒီ"
သူတို့နှစ်ယောက်မှာဟိုဟိုဒီဒီပြောစရာရှိလို့လား ရှောင်ကျန့်သိချင်သွားသည် ဒါပေမဲ့ရိပေါ်ကမပြောပြချင်ပုံပေါက်နေတာမို့ မေးလဲမမေးရဲ နောက်မှယွီရှင်းကိုဘဲမေးတော့မည်။
"အော်"
"အကို ကျနော့်ကိုဘာမှပြောစရာမရှိဘူးလား"
"ဟမ်"
"မရှိဘူးမလား ရှိရင်အစကတည်းကအကိုပြောမှာပေါ့နော် ဟုတ်တယ်မလား"
"ရိပေါ် မင်းဘာကိုပြောနေတာလဲ"
ရှောင်ကျန့်စိုးရိမ်သွားမိသည် ရိပေါ်ကိုများ အဖြစ်မှန်တွေပြောသွားလေသလား။
"ဘာမှမဟုတ်ပါဘူး အထဲ၀င်ရအောင် အပြင်မှာအေးတယ်"
ထရန်ပြင်ရင်း သူ့လက်ကို လှမ်းဆွဲထားသောရိပေါ်လက်တွေကို ရှောင်းကျန့်က အတင်းပြန်ဆုပ်ကိုင်ထားလိုက်မိသည် သူပြောပြရတော့မလား ဟင့်အင်း ပြောရင်သူ့ကိုဒီကောင်လေးကချက်ချင်းထားခဲ့မှာပေါ့ သူဒီကောင်လေးကိုသူမခွဲနိုင်သေးပါဘူး အချိန်ဆွဲလို့ရသလောက် ဆွဲထားချင်သေးတယ်။
YOU ARE READING
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanfictionChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...