ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_4

2.4K 180 1
                                    

Part-4

မွှေးပျံ့လှသောဟင်းရနံ့များက ၀မ်ရိပေါ်ကိုနိူးနေ‌သယောင်ရှိလေသည်။
"နိုးပြီလား"
"အင်း"
"မျက်နှာသွားသစ်တော့ ဒီမှာအရက်သမားအတွက် အရက်နာမကျအောင်ကင်ချီဟင်းရည်လုပ်ထားတယ်"
"ကင်ချီဟင်းရည်"
"အင်း"
"ကျနော် အဲ့တာကြိုက်တယ်"
"ကြိုက်ရင်ပြီးရော မျက်နှာသွားသစ်တော့"
"ဟုတ်"
ဟုတ် တဲ့‌ ရှောင်းကျန့်ကပြုံးမိသည် ဒီကလေးလိမ္မာချင်ရဲ့နဲ့။

"အာ စားလို့ကောင်းမဲ့ပုံဘဲ နံနံပင်ရှိလား"
"နံနံပင် ဘာလုပ်ဖို့လဲ"
"စားဖို့ပေါ့"
"ဟမ် ဘာနဲ့စားမှာတုန်း"
"ကင်ချီဟင်းရည်နဲ့လေ"
"မင်းရူးနေ‌လား ၀မ်ရိပေါ် မလိုက်ပါဘူး"
"လိုက်တာမလိုက်တာ မဟုတ်ဘူး ကျနော်ကနံနံပင်ကြိုက်တာ"
"ဟုတ်လား ပြီးတော့ရော"
"ပြီးတော့ ကြက်သွန်ဖြူ ဟော့ပေါ့"
"၀မ်ရိပေါ် မင်းရူးနေပြီဘဲ"
"ဘာကိုလဲ"
"ကြက်သွန်ဖြူကရော ဘာလို့ကြိုက်ရပြန်တာလဲ ယောင်္ကျားလေးဖြစ်ပြီးတော့"
"ကြိုက်တာက ကြိုက်လို့ပေါ့ဗျာ"
"အေး အေး ထားတော့ စားရအောင် အေးကုန်မယ်"

"ဗိုက်ကိုတင်းသွားတာဘဲ"
"ကောင်းလား"
"ကောင်းတယ် ခင်ဗျားလက်ရာအကောင်းဆုံးဘဲ"
ပြောရင်းက ၀မ်ရိပေါ်က ရှောင်းကျန့်ကိုလက်မလေးပါထောင်ပြလိုက်သေးသည်။
"ဒါဆို အိမ်အကြောင်းစပြောကြရအောင်"
"အင်း ကျနော်လဲအဲ့တာပြောမို့ အခန်းထဲမှာကျနော့်အ၀တ်ထုပ်ပါတွေ့တယ် ခင်ဗျားဘယ်လိုယူလာတာလဲ"
"ငါ မင်းပါးနဲ့တွေ့ခဲ့တယ် သူကငါ့ကိုမင်းဆီအပ်ချင်တယ်တဲ့ မင်းကအိမ်ပြန်မလာချင်ဘူးဘဲပြော‌တယ်ဆို အဲ့တာကြောင့်တစ်ယောက်ထဲလျှောက်သွားမဲ့အစား ငါ့ကို မင်းကိုခေါ်ထားပေးစေချင်တယ် ပြီးတော့ငါကကျောင်းဆရာဆိုတော့ မင်းကိုအနီးကပ်စာသင်ပေးစေချင်တယ်ပေါ့"
"အဲ့တော့ အကိုကလက်ခံလိုက်တယ်ပေါ့"
"အင်း"
"ပိုက်ဆံနဲ့လား"
မျက်ခုံးကိုပင့်လျက်မေးသော ရိပေါ်အမူအရာကြောင့် ရိပေါ်ပါးပြောသော သားကသူ့ကိုပိုက်ဆံနဲ့အပေးအယူလုပ်တယ်ဆိုရင် တန်ဖိုးဖြတ်သလိုခံစားရလို့အမုန်းဆုံးဘဲမို့ သားကိုအမှန်အတိုင်းမပြောပါနဲ့ ဆိုသောတောင်းဆိုတဲ့စကားကိုပြန်ကြား‌ယောင်လာရသည်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ