ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_11

1.8K 151 0
                                    

Part-11

ဟင်းချက်နေသာရှောင်ကျန့်ရဲ့ခါးလေးကို ၀မ်ရိပေါ်က နောက်ကနေသိုင်းဖက်လိုက်တော့ ရှောင်ကျန့်ကပြုံးလိုက်ရင်း
"ဘာဖြစ်ပြန်ပြီလဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်းဖက်ထားချင်လို့"
"အံ့မယ် ဟုတ်လို့လား"
"ဟုတ်ပါတယ်"
"ကဲပါ သွားသွားထိုင်တော့ ဒီမှာချက်လို့ပြီးပြီ စားကြရအောင်"
နှစ်ယောက်သား ထမင်းစားနေရင်း ထုံးစံအတိုင်းငြင်းခုန်နေကြပြန်သည်။
"ကျနော်လဲလိုက်ခဲ့မယ်"
"မရဘူးလေ ရိပေါ်ရဲ့ ငါ့မိဘတွေကမင်းအကြောင်းမှမသိသေးတာ"
"မသိရင်ပြောပြလိုက်လေ အကိုကအချိန်ဆွဲနေတာဘဲ"
"အချိန်တန်ပြောပြမှာပေါ့"
"အချိန်က ဘယ်တော့တန်မှာလဲ အကိုကအမြဲကျနော်ဘာပြောပြောဟိုရှောင်ဒီရှောင်နဲ့ ကျနော်အဖေကို ကျနော်ပြောပြမယ်ဆိုတာတောင်အကိုကလိုက်တားတယ် အကို့မိဘတွေကို အကိုဖွင့်ပြောမဲ့အချိန်ဆိုတာ ဟိုးအဝေးကြီးမှာဘဲ"
"ရိပေါ်ရယ်"
"တော်ပြီ တော်ပြီ အကိုက ကျနော့်ကိုလူသိမခံချင်တာဘဲ"
ရိပေါ်က စားလက်စထမင်းကိုထားခဲ့ရင် ဧည့်ခန်းထဲသို့ ထသွားလေသည်။

ရှောင်ကျန့်ကလဲ ဆက်မစားချင်တော့တာမို့ သွန်ပစ်၍ ပန်းကန်ဆေးလိုက်သည် ထို့နောက်အမှိုက်ထုပ်လှယ်၍ ရှေ့သို့လိုက်ထွက်လာလေသည်။
ရိပေါ်ကို လှမ်းကြည့်မိတော့ TVကြည့်နေတာမို့ အမှိုက်ထုပ်ကိုအခန်းထောင့်မှာချရင်း ရိပေါ်စီလျှောက်လာလိုက်သည်။
"ရိပေါ် ငါအမှိုက်သွားပစ်မလို့"
"ပစ်လေ"
"မလိုက်ဖူးလား"
"မလိုက်တော့ပါဘူး လိုက်ရင်တိုက်ကလူတွေကျနော့်ကိုမြင်နေဦးမယ် အကိုကကျနော့်ကိုလူသိမခံချင်ဘူးမလား"
"၀မ်ရိပေါ် မင်းကလေ"
ရှောင်ကျန့်က ရိပေါ်ကိုစိတ်မရှည်စွာဖြင့်စိုက်ကြည့်လိုက်မိသည် ရိပေါ်မျက်လုံးတွေကတော့ TVပေါ်မှာပင် ဒါပေမဲ့သူစိတ်က TVပေါ်မှာမရှိမှန်း ရှောင်ကျန့်သိသည်။

"အေး အေး နေခဲ့တော့ ငါ့ကိုဘယ်သူဘာလုပ်လုပ်ပေါ့ ငါ့ဘာသာငါဘဲသွားတော့မယ် အသတ်ခံရလို့သေလဲအေးတာဘဲ"
ရိပေါ်က မျက်ခုံးတစ်ချက်ပင့်သွားမိသည် ဒါပေမဲ့ရှောင်ကျန့်ကိုလှမ်းတော့မကြည့်မိ ရှောင်ကျန့်သူ့နားကထွက်သွားပြီး အမှိုက်ထုတ်ယူသံ ပြီးတော့ တံခါးဖွင့်သံကြားမှ နောက်သို့တချက်လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။
ဟိုတလောကတည်းကစ၍ ရှောင်ကျန့်က သူ့နောက်ကိုတယောက်ယောက်လိုက်နေသလိုခံစားရတယ်လို့ သူ့ကိုမကြာခဏပြောလေ့ရှိသည်။
သူကတော့ဒါတွေသိပ်မယုံ ဒါပေမယ့် ရှောင်ကျန့်စိတ်လုံခြုံမှုရအောင် အောက်နားမှာဈေးထွက်၀ယ်တာကအစ တကောက်ကောက်လိုက်ပေးနေကြပင်။
ဒါပေမဲ့ ခုက အမှိုက်ပစ်ရုံလေးပါဘဲ ဘာမှမဖြစ်လောက်ပါဘူး မဟုတ်ပါဘူးရှောင်ကျန့်ကဒီကိစ္စနဲ့ပက်သက်ရင်စိတ္တဇကိုဖြစ်နေတာ ခုဏကပြောသွားပုံကိုဘဲကြည့်တော့။
ရိပေါ်က သက်ပြင်းတစ်ချက်ရှိုက်ရင်း အခန်းပြင်ထွက် တံခါးပိတ်ပြီးလှေကားတစ်လျှောက်ခပ်သွက်သွက်လေးဆင်းလာလိုက်သည်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Donde viven las historias. Descúbrelo ahora