Part-6
၀မ်ရိပေါ်ဖျက်ခနဲနိုးလာတော့ မျက်လုံးကိုမနည်းဖွင့်ရင်း နာရီကိုလှမ်းကြည့်မိလေသည်။ 10နာရီကျော် မျက်လုံးကိုထပ်ပွတ်ပြီးကြည့်လိုက်ရင်း ကုတင်ပေါ်ကဝုန်းခနဲခုန်ဆင်းမိလေသည်
ကျောင်းနောက်ကျနေလေပြီ။
"အကို အကို"
၀မ်ရိပေါ်က မီးဖိုချောင်မှာရော ရေချိုးခန်းမှာရော ပန်းချီခန်းမှာပါ ရှောင်ကျန့်ကိုလိုက်ရှာသည် မတွေ့ပေ သူ့ကိုထားခဲ့ပြီး ကျောင်းသွားပြီလား။
ဟိုကြည့်ဒီကြည့် ကြည့်မိတော့မှ ရေခဲသေတ္တာတွင် ကပ်ထားသောစာကိုတွေ့ရသည်။
"ရိပေါ် မီးဖိုပေါ်မှာဆန်ပြုတ်ပြုတ်ပေးထားခဲ့တယ် ပြန်နွှေးစားလိုက်နော် ဒီနေ့တော့အိမ်မှာဘဲနေလိုက်တော့ ကျောင်းကိုငါပြောပေးထားမယ် ဘယ်မှထပ်ပြီးလျှောက်မသွားနဲ့နော် ညနေစောစောပြန်လာခဲ့မယ်"
စောစောပြန်လာခဲ့မယ်တဲ့ ရိပေါ်ပြုံးလိုက်မိသည် ကျောင်းနှင့်အိမ်ဘဲသွားစရာရှိပြီး သူနားပူနားဆာလုပ်ပြီးခေါ်မှသာအပြင်ရောက်တတ်သော ရှောင်ကျန့်ကဘယ်သွားစရာရှ်ိမှာမို့လို့လဲ အိမ်ဘဲစောစောပြန်လာရမှာပေါ့။အိမ်မှာတစ်ယောက်ထဲနေရင်း ပျင်းနေမိတာမို့ရိပေါ်က ရှောင်းကျန့်ပန်းချီခန်းထဲ၀င်ပြီးရှောင်ကျန့်ရဲ့ပန်းချီပုံတွေနဲ့ ဓာတ်ပုံတွေကိုလိုက်ကြည့်နေမိသည် ပုံလေးတစ်ပုံတွေ့တော့၀မ်ရိပေါ်ကစိတ်၀င်တစားကိုင်ကြည့်နေမိသည်။ တစ်ယောက်နဲ့တစ်ယောက်ဖတ်ရင်းရီနေကြသောကလေးနှစ်ယောက်ပုံပင် တစ်ယောက်ကတော့ရှောင်းကျန့်မှန်း ငယ်သေးပေမယ့်ရိပေါ်မှတ်မိသည် နောက်တစ်ယောက်ကရော။
"၀မ်ရိပေါ် မင်းကငါ့ကိုသွေးတက်အောင်လုပ်နေတာဘဲ အိမ်ထဲသူခိုး၀င်ရင်ဘယ်လိုလုပ်မလဲ"
ရှောင်ကျန့်က ဆူပူရင်းပန်းချီခန်းထဲသို့၀င်လာသည်။
"အာ အကိုအစောကြီးရှိသေးတယ်လေ ဘာလို့ပြန်လာတာလဲ"
"မင်းကိုစိတ်မချလို့လေ ကျောင်းက နေ့တစ်၀က်ခွင့်ယူပြီးပြန်လာတာ မင်းငါ၀င်လာတာတောင်မသိရအောင်ဘာတွေလုပ်နေတာလဲ ငါမဟုတ်ဘဲသူခိုးဖြစ်နေရင်ဘယ်လိုလုပ်မလဲ"
"အကိုကလဲ ကျနော်သော့ခတ်ထားတယ်လေ"
ရိပေါ်ကပါးစပ်ကသာပြန်ပြောရင်း လက်ထဲမှပုံကိုသာကြည့်မြဲကြည့်နေသည်။
ESTÁS LEYENDO
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanficChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...