Part-10
ရှောင်ကျန့်ကစိတ်ရှုပ်ထွေးစွာ တိုက်ခန်းဆီသို့ပြန်လာမိသည် နာရီကြည့်တော့ 3နာရီသာရှိသေးသည် ရိပေါ်နဲ့မတွေ့ချင်သေးပါ ရိပေါ်နဲ့တွေ့ရင် ရိပေါ်ရင်ခွင်ထဲတိုး၀င်ပြီးငိုမိတော့ထင်ရသည်။
ဒါပေမဲ့လဲ လွမ်းလှပြီ ပြီးတော့ဒီကောင်လေးကလဲ သူ့ကိုမျှော်နေတော့မှာ ဒီကောင်လေးကသူနဲ့တူတူနေပြီးကတည်းကရှောင်ကျန့်ရဲ့အသိတွေကိုသူငယ်ချင်းလုပ်ဖို့နေနေသာ သူ့ရဲ့သူငယ်ချင်းရှောင်လုံဆိုသူနှင့်တောင် စကားများကြသည်ဟုကြားရသည်။
ဒီနေ့လဲ သူအပြင်သွားတော့ အမြန်ပြန်လာဖို့သာတဖွဖွမှာသည် သူကိုယ်တိုင်ကတော့အပြင်မသွားရှာ ရှောင်ကျန့်ကသတိတရနှင့် ရှော့ပင်းမောထဲ၀င်ကာ ရိပေါ်အတွက်မုန့်များ၀ယ်သည် 3+2 Biscuitကတော့ မပါမဖြစ် ရိပေါ်ကGameဆော့တိုင်း Biscuitပြားလေးကိုကိုက်ရင်းဆော့တတ်သည့်ကလေးလေး။ရှောင်ကျန့်က ရိပေါ်ပါးအကြောင်းကိုအတတ်နိုင်ဆုံးခေါင်းထဲကထုတ်ရင်း တိုက်ခန်းပေါ်သို့ဖြည်းဖြည်းချင်းတက်လာမိသည် US သွားရတော့လဲဘာအရေးလဲ သူတို့မှအချိန်တွေအများကြီးရှိသေးတာဘဲ ရှိနေတဲ့အချိန်လေးကိုသာပျော်ရွင်စွာနေရမည် ရှောင်ကျန့်ကအားတင်းပြုံးရင်းခေါင်းလေးကိုခါလိုက်မိသည်။
တိုက်ခန်းတံခါးဖွင့်တာနဲ့ ဆိုဖာပေါ်တွင်လက်ပိုက်လျက်ထိုင်နေသောရိပေါ်ကိုတွေ့ရသည်။
"ပျော်ခဲ့လား"
"ဒါပေါ့ ဒီမှာမင်းအတွက်"
"ထင်ပါတယ် ခင်ဗျားကောင်နဲ့တွေ့ခဲ့ရတော့ ခင်ဗျားအရမ်းပျော်နေမှာဘဲလို့"
"ဟမ်"
"မကြားဘူးလား ကျနော့်ကိုလိမ်ပြီး ခင်ဗျားကောင်နဲ့ခိုးတွေ့ရတာသိပ်ပျော်နေတယ်မလား"
ရှောင်ကျန့်က ရိပေါ်ကိုနားမလည်နိုင်စွာလှမ်းကြည့်မိတော့ ရိပေါ်ကမျက်နှာတင်းထားသည်မှာ မေးရိုးတွေတောင်ထင်းနေသည်။"ရိပေါ် မင်းဘာတွေပြောနေတာလဲ"
"ဒီအကြောင်းပြောနေတာလေ"
ရိပေါ်က ရှောင်ကျန့်ရှေ့စားပွဲခုံပေါ်သို့ပစ်ချပေးသည်မှာ ပန်းစည်းနဲ့စာတစ်စောင် ရှောင်ကျန့်ကစားပွဲပေါ်မှာစာကိုအမြန်ကောက်ဖတ်လိုက်သည်။
"ချစ်သောရှောင်ကျန့် ငါLouyangကိုရောက်နေပါပြီ မင်းကိုမတွေ့ရတာတစ်ပါတ်တောင်မပြည့်သေးဘူး ငါလွမ်းနေရပြီ လေဆိပ်ကိုလာကြိုပေးထားတာမို့ ကားဂိတ်ကိုတော့ထပ်လာမကြိုခိုင်းရက်ပါဘူး ဒါပေမဲ့ငါ့ကိုဒီနေ့လာတွေ့လှည့်ပါဦး ငါနေတဲ့နေရာကိုမင်းကိုMsgကနေပို့ထားတယ် ပျော်ရွင်ပါစေ မင်းရဲ့ယွီရှင်း"
ရှောင်ကျန့်ကထိတ်လန့်စွာ ရိပေါ်ကိုပြန်ကြည့်မိသည် ရိပေါ်ကကြောက်ဖို့ကောင်းအောင်အေးစက်စွာ သူ့ကိုစိုက်ကြည့်နေတုန်းပင်။
![](https://img.wattpad.com/cover/272111972-288-k164331.jpg)
ŞİMDİ OKUDUĞUN
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
Hayran KurguChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...