ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်
မိဘတွေဂုဏ်ယူရတဲ့သားတစ်ယောက်ဖြစ်ဖို့ဆိုတာ ငါ့ဘ၀မှာငါလိုချင်တဲ့တစ်ခုထဲသောအရာဘဲ ဒီရည်ရွယ်ချက်ပြီးမြောက်ဖို့ဆို ငါဘယ်အရာမဆိုကျော်ဖြတ်နိုင်တယ် ဒါပေမဲ့မင်းကိုစွန့်ပစ်ဖို့ဆိုတဲ့မှတ်တိုင်မှာ ငါဟာကျရှုံးခဲ့ရတယ် ၀မ်ရိပေါ်ဆိုတဲ့မင်းဟာ ငါ့အတွက်တော့အရှုံးရဲ့ပြယုဂ်ဘဲ
(ရှောင်းကျန့်)ကျနော့်ကို တစ်လောကလုံးကမယုံကြည်လို့ရတယ် မုန်းလို့လဲရတယ် ဒါပေမဲ့ခင်ဗျားကတော့မရဘူး ရှောင်းကျန့်ဆိုတဲ့ခင်ဗျားကတော့ကျနော်ကိုယုံကြည်ရမယ် ချစ်ရမယ် အဲ့လိုဖြစ်အောင်လဲကျနော်ကမသေမချင်းကြိုးစားနေမှာဘဲ
(၀မ်ရိပေါ်)အရင်က သူငယ်ချင်းဘဲဆိုတာကိုလက်ခံခဲ့တာက မင်းဆိုတဲ့ရှောင်းကျန့်ဟာ အချိန်တန်ငါ့ရင်ခွင်ထဲမလွဲမသွေ ပြန်ရောက်မှာဘဲဆိုပြီးငါယုံကြည်ခဲ့မိလို့ ခုချိန်မှတော့ငါမပိုင်ရတဲ့မင်းကိုဘယ်သူမှပိုင်ဆိုင်စရာမလိုတော့ဘူး မင်းကိုချစ်လွန်းလို့မသတ်ရက်ရင်တောင် မင်းကောင်ကိုငါသတ်ရဲတယ်ဆိုဝာာမင်းယုံထားလိုက်
(ယွီရှင်းပင်)Part-1
နောက်ဆုံးတော့ Louyang မြို့တော်ကို ရှောင်းကျန့်တစ်ယောက်ရောက်လာခဲ့ပြီ မိဘနှစ်ပါးနဲ့ပထမဆုံးခွဲရတာမို့ စိတ်ထဲမှာတော့မကောင်းလှ။
တွေးရင်းနဲ့ဘဲပြန်၀မ်းနည်းလာသည်မို့ ခေါင်းကိုခါပစ်လိုက်ရင်း အပေါ်ကုတ်ကို၀တ် အိတ်ကိုလှမ်းဆွဲလိုက်ပြီး ကျောင်းသွားဖို့ပြင်တော့သည်။
ကျောင်းရောက်တော့ ခန့်ညားလှသည့်ကျောင်းကိုကြည့်ရင်း သဘောကျမိသလို ရှိန်လဲရှိန်မိသွားရသည်။
"ဟို ဆရာရှောင်းကျန့်လားမသိဖူးဗျ"
"ဟုတ်ကဲ့ဗျ"
"အိုး ဆရာကိုမျှော်နေတာ လာပါ လာပါ"
"ဟုတ်ကဲ့"
ဆရာကြီးက ဆရာနားနေခန်းတွင် ဆရာများနှင့်မိတ်ဆက်ပေးပြီး ရှောင်းကျန့်ကိုင်ရမည့်အတန်းကိုကိုင်ခဲ့သောဆရာဟောင်းနှင့်လက်ပြောင်းလက်လွှဲလုပ်ဖို့ လွှတ်လိုက်လေသည်။"လာပါ ဆရာ အတန်းကိုသွားရအောင်"
"ဟုတ်ကဲ့ဗျ"
လမ်းတစ်လျှောက်လိုက်လာရင်း ရှောင်းကျန့်ကသူကိုင်ရမည့်အတန်းအခြေအနေသိချင်တာကြောင့်
"ဟို ဆရာ ကလေးတွေကဆိုးလားဗျ"
"အာ ဆရာတွေ့ပါလိမ့်မယ်"
"အော် ဟုတ်"
"အားလုံးဘဲ ဒါမင်းတို့ရဲ့အတန်းပိုင်ဖြစ်လာတော့မယ် ဆရာရှောင်းကျန့်ဘဲ"
"ဟုတ်ကဲ့ပါ"
"ဆရာ မိတ်ဆက်ပါ"
"ဟုတ်ကဲ့"
"အားလုံး မင်္ဂလာပါ ဆရာကမင်းတို့လိုအထက်တန်းကိုကိုင်ရတာပထမဆုံးအချိန်ပါဘဲ ဒါကြောင့်ဆရာက အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်သလို မင်းတို့လဲဆရာ့ကိုကူညီတဲ့အနေနဲ့ဆရာနဲ့တူတူ လက်တွဲကြိုးစားပြီးဆရာ့စကားကိုနားထောင်ဖို့မျှော်လင့်ပါတယ်"
ရှောင်းကျန့်က မိမိကဆရာဖြစ်နေသော်လည်း မိမိနှင့်အသက်သိပ်ကွာလှမည်မဟုတ်သော အထက်တန်းကျောင်းသားများကြောင့် ရင်လေးမိပေမဲ့ အကောင်းဆုံးကြိုးစားပြီးမိတ်ဆက်လိုက်လေသည်။
VOUS LISEZ
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanfictionChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...