ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် _17

2K 143 2
                                    

Part-17

၀မ်ပါးတစ်‌ယောက် ညကမိန်းမနှင့်ရော သားနှင့်ပါ ပြသာနာဖြစ်ရသောကြောင့် ကောင်းကောင်းအိပ်မပျော် အိပ်မပျော်ခါမှလှေကားထစ်ထံမှအသံကြားလို့ ထကြည့်ရန်တံခါးစီသို့အသွား လာလှမ်းဆွဲသောမိန်းမဖြစ်သူကိုပြန်ကြည့်မိသည်။
မိန်းမကလက်ညိုးနဲ့လက်ကိုကပ်ပြတာမို့ အသာငြိမ်နေလိုက်ရသည် ထို့နောက်တော့တံခါးဖွင့်သံ ပြန်ပိတ်သံကြားတော့မှ ငြိမ်သက်နေသောမိန်းမဖြစ်သူစီကအသံထွက်လာတော့သည်။

"သားက ဒီလိုဘဲ ညတွေမှာအပြင်ထွက်တတ်တယ် နေ့ခင်းဘက်သွားရင်ရှင်သိမှာစိုးလို့လေ ခုကောရှင့်သားဘာဖြစ်ချင်တယ်ဆိုတာ ရှင်သိချင်ပြီလား"
မိန်းမဖြစ်သူရဲ့စကားကြောင့် ၀မ်ပါးကနားမလည်နိုင်သည့်ကြားမှပင်ခေါင်းညိတ်ပြမိသည်။
ထို့နောက်မိန်းမညွန်ပြတဲ့စီမောင်းလာမိတော့တိုက်ခန်းတစ်ခု တိုက်ခန်းလှေကားတွေဆီတဖြည်းဖြည်းတက်မိရင်တွေးမိတာက ဒါဟိုကလေးတိုက်ခန်းလား။
တိုက်ခန်းတစ်ခုရှေ့မှရပ်ကြည့်မိတော့ တံခါးလေးကစေ့ထားရုံ ထိုမှတဆင့်အခန်းထဲကြည့်မိတော့ ကုတင်ပေါ်မှာထိုင်နေသောသားကိုတွေ့လိုက်ရသည် ထို့နောက်၀င်လာရင်းတိုက်ခန်းပုံကြည့်မိတော့ လူနေတဲ့ပုံနှင့်တော့မတူလှ။

ထိုင်နေသောသားဆီသို့တဖြေးဖြေးလျှောက်လာမိတော့ မျက်နှာနှင့်လက်ကိုအုပ်ထားတဲ့သားဆီက ရှိုက်သံသဲ့သဲ့ထွက်လာတာမို့ ရင်ထိတ်သွားရသည် သားငိုနေတာလား။
သူ့ရှေ့မှာအမြဲပေါ့ပေါ့ပါးပါးရီတတ်‌တဲ့သားက ညတွေမှာဒီလိုခိုးငိုခဲ့တာဘယ်နှကြိမ်ရှိပြီလဲ သားရဲ့အပြုံးတွေကိုကြည့်ရင်းသားအဆင်ပြေနေပြီလို့ဘဲ ထင်‌ခဲ့တာ မဟုတ်ပါဘူး ထင်ချင်ခဲ့တာပါ။
သားပြောသလို သူသားအကြောင်းကိုမသိခဲ့သလို သိအောင်လဲမကြိုးစားခဲ့ပါဘူး သူ့မိခင်နဲ့ကွဲတုန်းကလဲသားကဒီလိုဘဲ သူ့ရှေ့မှာတော့ပေါ့ပေါ့ပါးပါးဘဲ တစ်နေ့မှာတော့ညတွေဆိုကြိတ်ငိုတတ်တဲ့ကလေးဟာ သတိတောင်လစ်သွားခဲ့တာမို့ သူမနည်းပြန်ကုယူခဲ့ရသည် သားကငယ်ငယ်ကတည်းကအရွယ်နဲ့မလိုက်အောင်ရင့်ကျက်ခဲ့သောကလေး။

သားကတော့သူရှိနေတာတောင်သိပုံမရဘဲ ငိုနေဆဲပါဘဲ သားဆီသို့ခြေလှမ်းတဖြေးဖြေးလှမ်းသွားရင်း ခေါင်းငုံ့ထားသောသားခေါင်းလေးကိုပွတ်သပ်ပေးမိသည်။
ပြန်မော့ကြည့်လာသော သားမျက်နှာလေးမြင်မှ သူရင်ထဲမှာပိုကြေကွဲသွားရသည် သားရဲ့မျက်ခမ်းစပ်လေးတွေကရဲတောက်လျက်မှ ပါးပြင်ပေါ်ကမျက်ရည်လေးတွေကခြောက်ခြောက်သွေ့သွေ့ သားကသူ့ကိုတွေ့တော့အားကိုးရာရသွားသလို သူ့ကိုဖက်လေသည်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Where stories live. Discover now