Part-22
ဒီလကုန်ဆိုရိပေါ်ရောရှောင်ကျန့်ရော Chinaကိုပြန်လို့ရပြီ သူများနိုင်ငံမှာတစ်နှစ်ကျော်နေခဲ့ရတဲ့အတွက် တစ်ယောက်ထဲသာဆိုရှောင်ကျန့်အရမ်းစိတ်ညစ်နေမှာပေမဲ့ ရိပေါ်ရှိနေတာကြောင့် ဘယ်လောက်သင်တန်းမှာစိတ်ညစ်ညစ် အိမ်ရောက်တာနဲ့စိတ်ညစ်မှုတွေက လေလိုလွင့်ပျံရစမြဲပင်။
ခပ်ဖွဲဖွဲကျနေသောမိုးရေကြောင့် ရှောင်ကျန့်က သူအကာအကွယ်ယူထားသောအမိုးအောက်မှ လက်ကလေးကိုအပြင်သို့ထုတ်လိုက်သည် ရိပေါ်ကလဲ လာကြိုတာနောက်ကျလိုက်တာလို့တွေးရင်း ၀င်ရောက်တတ်မြဲဖြစ်သောစိုးရိမ်စိတ်ကတိုး၀င်လာရပြန်သည်။ရိပေါ်က ဆိုင်ကယ်ကိုလျင်မြန်စွာ မောင်းလာမိသည် မိုးကလဲအုံ့မှိုင်းနေလေပြီ အကိုကထီးရောယူသွားရဲ့လားမသိ ပိုတယ်ဘဲဆိုဆို ဖျားလွယ်သောအကို့ကို မိုးဖွဲလေးတောင်မစိုစေချင် မောင်းရင်းမှ ဆိုင်ကယ်အမြန်နှုန်းကို ကို့ဘာသာပြန်ကြည့်ရင် လှစ်ခနဲပြုံးမိသည်။
အကိုသာတွေ့ရင်ဆူလိုက်မဲ့ဖြစ်ခြင်း သူ့ကိုစိတ်ပူလို့ဆိုတဲ့ဖြေရှင်းချက်ပေးလဲလက်ခံမှာမဟုတ်။
နောက်ဆုံးတော့တွေ့ပါပြီ သင်တန်းရှေ့ကအမိုးလေးနားမှာလက်လေးထုတ်ရင်းရပ်နေသောအကို အပေါ်ကဆွယ်တာလက်ရှည်အဖြူရောင်နဲ့အောက်ကဂျင်းဘောင်းဘီလေး၀တ်ထားပြီး လွယ်အိတ်လေးပါလွယ်ထားသောပုံစံနှင့် အကို့ရဲ့ဖြူစင်လှသောမျက်နှာလေးတို့ ပေါင်းစပ်ထားကြတော့ ဘယ်သူကယုံမှာလဲ ဒါကအသက်30ယောင်္ကျားလေးဆိုတာ။ရိပေါ်က ဆိုင်ကယ်ပေါ်မှ အကို့ဆီချက်ချင်းမသွားသေးဘဲ မရိုးအီနိုင်သောအကို့ရဲ့မျက်နှာလေးတွေကိုအဝေးကငေးစိုက်ကြည့်နေမိတုန်းမှာပင် အကိုကသူ့ကိုတွေ့သွားကာ လက်လှမ်းပြရင်းပြေးလာလေသည်။
ရိပေါ်က ဆိုင်ကယ်ပေါ်မှာကမန်းကတန်းဆင်းကာ ထီးအမြန်ဖွင့်ရင်း ရှောင်ကျန့်ရှိရာသို့ပြေးသွားကာ
"ဘာလို့မိုးရေထဲပြေးလာပြန်တာလဲ ကျနော်လာခေါ်မှာပေါ့"
"မိုးကဖွာဖွာလေးဘဲကိုး"
"ဟိုတလောက အဲ့လိုဖွာဖွာလေးထဲထီးမပါဘဲ အပြေးကောင်းလို့ ဖျားတာလေ မမှတ်သေးဘူးလား"
"မမှတ်ထားချင်ပါဘူး"
ရှောင်ကျန့်က နှုတ်ခမ်းလေးဆူရင်း ခပ်ဆောင့်ဆောင့်လေးပြောသည်။
![](https://img.wattpad.com/cover/272111972-288-k164331.jpg)
ESTÁS LEYENDO
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanficChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...