Part-19
ယွီရှင်းရဲ့ကားထဲကိုပစ္စည်းတချို့ထည့်ပြီးတဲ့နောက် ယွီရှင်းကရှောင်ကျန့်အတွက်ရှေ့တံခါးကိုဖွင့်ပေးတော့ရှောင်ကျန့်ကမသက်မသာလေးပြုံးရင်း
"အာ ရတယ် ယွီရှင်း ငါနောက်ဘက်မှာဘဲ ရိပေါ်နဲ့တူတူထိုင်လိုက်မယ်"
"အော် အင်း"
"အင်း ရိပေါ်လာ"
ရှောင်ကျန့်ကပြောပြီးတာနဲ့ ဘေးမှာမတ်တပ်ရပ်နေသောရိပေါ်ရဲ့လက်ကလေးကိုလှမ်းဆွဲရင်း ကားပေါ်တက်သည်။လမ်းတစ်လျှောက်လုံး ရိပေါ်ကို ဟိုဟိုဒီဒီလက်ညိုးထိုးရင်း ရှောင်ကျန့်ကရှင်းပြလာသည်။
"ဒီနေရာမှာနှစ်တိုင်းနဂါးပွဲတော်ကျင်းပလေ့ရှိတယ် ရိပေါ်ရဲ့"
"အော်"
"ကလေးလဲခဏခဏပျောက်တတ်ကြသေးတယ်"
"လူရှုပ်လို့ထင်တယ်"
"ဟုတ်တယ် အရမ်းစည်တယ်လေ ဒါပေမဲ့ကလေးရှာတဲ့အဖွဲ့အစည်းတွေလဲရှိတော့ ပြန်ရှာမတွေ့တဲ့ကလေးက မရှိသလောက်ပါဘဲ"
"အင်း""ပြီးတော့ တွေ့လား ဟိုမှာလှတယ်နော်ရိပေါ် အဲ့တာကစားသောက်ဆိုင် ဒါပေမဲ့အလှဆင်ထားတာအရမ်းမိုက်တော့ မင်္ဂလာဆောင်နဲ့တောင်တူနေသေးတယ် ဟုတ်တယ်မလား"
"အင်း"
လမ်းတစ်လျှောက်လုံး သူ့မြို့လေးကိုဂုဏ်ယူစွာရှင်းပြလာပုံက သူ့ကိုလူတွေက Chongqingသားလို့ မသိမှာစိုးတဲ့အတိုင်းပင်။
Dazu ရောက်တော့ သုံးယောက်သားကားပေါ်ကဆင်းရင်း အတွင်းသို့၀င်လာခဲ့ကြတော့ များပြားလှသောပန်းပုရုပ်တွေကို ရိပေါ်ကတအံ့တဩကြည့်နေမိသည်။"စိတ်၀င်စားဖို့ကောင်းလား ရိပေါ်"
သူ့လက်လေးတွေကိုလှမ်းဆွဲရင်းမေးလာသောရှောင်ကျန့်ကိုကြည့်ရင်း ရိပေါ်ကကြင်နာစွာပြုံးမိသည် စိတ်၀င်စားဝာာပါ့ အကိုသာအနားရှိရင်ဘယ်နေရာမဆိုက ကျနော့်အတွက်စိတ်၀င်စားစရာတွေနဲ့ပြည့်နှက်နေတာဘဲမဟုတ်လား။
"အင်း"
"ဒီမှာက ပန်းပုရုပ်၅၀၀၀ကျော်ရှိတယ်ရိပေါ်ရဲ့ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်နေရာလို့လဲပြောကြတယ်"
"အော် ဒီရုပ်ထုတွေက ဗုဒ္ဓဘာသာဆိုင်ရာတွေမလား"
"မင်း သိတယ်လား"
"အော် အကိုရာ ကျနော်အဲ့လောက်ထိတော့မတုံးပါဘူး"
ရိပေါ်စကားကြားတော့ ရှောင်ကျန့်က ၀မ်းသာသွားရသည် ခေါ်သာခေါ်လာရပေမဲ့ ရိပေါ်မလိုက်ချင်သလိုဖြစ်နေသည်ကို သူရိပ်မိပါတယ်။
CZYTASZ
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanfictionChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...