ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_18

2K 149 1
                                    

Part-18

ရိပေါ်အိမ်ထဲ၀င်၀င်ချင်းမှာပင် ရှောင်ကျန့်မားရဲ့အသံကိုစကြားရလေတော့သည်။
"သား ရှောင်ကျန့် အပြင်ဘာထွက်လုပ်နေတာလဲ"
"အော် မား ဒီမှာ"
"သား သူငယ်ချင်း‌လာလည်တာလား လာ လာ အထဲခေါ်ခဲ့လေ လာကြ"
အိမ်၀လေးထိထွက်ကြည့်နေသောရှောင်ကျန့်မားကိုကြည့်တော့ မပိန်မ၀ အသားလတ်လတ် သဘောကောင်းပုံရသောမျက်နှာက အကို့အမေမှန်းပိုသိသာသွားရသည်။

"မား သူကဒီမှာခဏနေချင်လို့တဲ့"
"အော် အေးပေါ့ နေပါ ရတယ် ရတယ် သားလဲအဖော်ရတာပေါ့"
အိမ်ရှေ့မှာ အသံကြားရ၍လားမသိ ရှောင်ကျန့်ပါးကလဲအခန်းထဲကထွက်လာပြန်သည်။
"အော် ယောင်္ကျားရေ ဒီမှာရှင့်သားသူငယ်ချင်းတဲ့ အိမ်မှာခဏတည်းချင်လို့တဲ့"
"အော် အေးအေး ရပါတယ် တည်းပေါ့ကွာ သားကဘယ်ကလာတာတုန်းကွ သားသူငယ်ချင်းထဲမှာမမြင်ဖူးသလိုဘဲ"
ရှောင်ကျန့်ပါးက မျက်မှန်ကိုင်းလေးကိုအပေါ်ပင့်တင်ရင်းမှန်းဆဆမေးသည်။

ရှောင်ကျန့်မားကတော့ ၀မ်ရိပေါ်ကိုကြည့်နေသည်မှာ ဂရုတစိုက် ချောလိုက်တဲ့ကလေးတော် မျက်နှာကျလေးက ခပ်ချွန်ချွန် မေးစေ့လေးကလဲချွန်ချွန်လေး ရီနေလိုက်တဲ့မျက်လုံးလေးတွေပါအသက်ပါလှသလို ဖောင်းတက်လာသောပါးလေးနှစ်ဖက်ကလဲ တကယ့်ချစ်စရာ။
သားသူငယ်ချင်းဆိုပေမယ့် သားထက်ငယ်ပုံတော့ရသည် ဒါပေမယ့်သားကလဲနုလှသည်မို့ ဗြုန်းခနဲကြည့်ရင်မတိမ်းမယိမ်း ကိုယ်ကသာ ဒီကောင်လေးမျက်နှာကို သေသေချာချာကြည့်‌နေမိလို့သာ ရိပ်မိရခြင်းဖြစ်သည်။

"ကျနော် Luoyaungကပါဗျ"
‌၀မ်ရိပေါ်က ပြုံးလျက်ပင် ဖြေလိုက်မိသည် တော်တော်ကောင်းနေသောအခြေအနေ ရှောင်ကျန့်မားကဆို သူ့ကိုကြည့်နေလိုက်တာရွန်းရွန်းစားစား သူ့ကိုတော်တော်သဘောကျနေပုံပင်။
"မား ဒါသားသူငယ်ချင်းမဟုတ်ဘူး မား သားပြောထားတဲ့၀မ်ရိပေါ်"
ရှောင်ကျန့်စကားကြားတော့ ရှောင်ကျန့်မိဘတွေရဲ့မျက်နှာက ချက်ချင်းပုံစံပြောင်းသွားတော့သည်။
"အော် ရိပေါ်ဆိုတာလား"
"ဟုတ်တယ်မား အဲ့တာ"
"သားနဲ့ဒီကလေးကပြန်တည့်သွားပြီပေါ့"
"ဟုတ်တယ် မား သူ သူသားကိုပြန်လာခေါ်တာ"
"မလိုက်ရဘူး သား"
"မားရယ် သားလဲချက်ချင်းပြန်မလိုက်သွားပါဘူး သူလဲဒီမှာခဏနေ"
"မရဘူး သား ကောင်လေးကိုချက်ချင်းပြန်ခိုင်းလိုက်ပါ"
ရုတ်တရက် တင်းမာသွားသောအခြေအနေနဲ့ မာထန်လာသောရှောင်ကျန့်မားစကားကြောင့် ရိပေါ်ဘာလုပ်ရမှန်းမသိ ရှောင်ကျန့်ပြောထားတဲ့ရိပေါ်အကြောင်းဆိုတာဘာလဲ။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Donde viven las historias. Descúbrelo ahora