ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_20

1.9K 133 5
                                    

Part-20

ဒီနေ့တော့ ရိပေါ်တို့တွေ Whanzhou Qinglong  ရေတံခွန်ကိုရောက်ဖြစ်ခဲ့ကြပြန်သည် နှစ်ပတ်အတွင်းမှာ သူ့ကို အကိုက Chongqingမှာရှိတဲ့ နာမည်ကြီးနေရာတော်တော်များများကိုလိုက်ပိုခဲ့သည် ဒါကတော့လေးခုမြောက်ပေါ့။
နေရာတိုင်းကတော့ နာမည်ကြီးကြသလိုစိတ်၀င်စားစရာတွေနဲ့ပြည့်နှက်နေခဲ့တာပါဘဲ ပုံမှန်ဆိုကျနော်သိပ်ပျော်မှာပေမဲ့ အခုတော့ခဏခဏဘေးရောက်နေရသလိုခံစားရ‌တာကြောင့် စိတ်ရှုပ်ထွေးမှုသာ ကြီးစိုးနေရသည်။
အခုလဲကြည့် သူကနောက်မှာတစ်ယောက်ထဲ ရှောင်ကျန့်နဲယွီရှင်း‌ကရှေ့ကစကားတပြောပြော အမြဲဒီလိုဘဲ သူတို့အချင်းချင်းနေရာတွေအကြောင်းပြောလိုက် ငယ်ဘ၀အကြောင်းပြောလိုက်ကြနဲ့ ဘာမှမသိတဲ့ Luoyaungသားသူ့ကို ခေါ်ပြီး နှိပ်စက်နေလားတောင်မှတ်ရတယ်။

"ရိပေါ် လှတယ်မလား"
ရှောင်ကျန့်က နောက်မှာကျန်ခဲ့သောသူ့ကို ခုမှသတိထားမိသလို ပြန်လှည့်လာရင်းမေးသည်။
"လှပါတယ်"
"သက်တန့်ထွက်တဲ့အချိန်ထိစောင့်ကြည့်ပြီးမှပြန်မယ်နော် သက်တန့်ထွက်လာရင်း နတ်သမီးပုံပြင်ထဲကအတိုင်းဘဲ ရိပေါ်ရဲ့"
ရှောင်ကျန့်ကရိပေါ်လက်လေးကိုဆွဲကိုင်ရင်းချွဲချွဲလေးပြောသည်။
"အကို့သဘောပါ"
ဒီလိုပါဘဲ ဒီလိုလေးလာချွဲရုံနဲ့သူကလဲ ချက်ချင်းပျော့သွားရတာဘဲကိုး။

"ဒါက အာရှမှာ နံပါတ်တစ်ဘဲ ညီလေးရ"
သူ့ဘေးနားကရှောင်ကျန့်ကလှည့်ထွက်သွား၍ ရပ်စောင့်နေသော ယွီရှင်းက ရိပေါ်ကရှင်းပြသလိုပြောသည် ဒါပေမဲ့သူ့မျက်စိတွေကတော့ ရှောင်ကျန့်ဆီမှာ။
"အော်"
"ဟုတ်တယ် ရိပေါ်ရဲ့ အရင်က ဘုရင်တစ်ပါးနေခဲ့ဖူးတယ်လဲပြောကြတယ် ပြီးတော့နောက်ဘုရင်တစ်ပါးရဲ့ဇာတိမြို့တဲ့"
"အော် ကျယ်တော့ကျယ်တယ်နော်"
"ကျယ်မှာပေါ့ အာရှမှာအကျယ်ဆုံးရေတံခွန်ကိုး"
"အကျယ် ၁၅၁ မီတာနဲ့ အမြင့် ၆၄.၅ မီတာရှိတယ်တဲ့"
ယွီရှင်းက လက်ထဲမှာရေတံခွန်အကြောင်းကမ်းထားသောစာရွက်လေးကိုဖတ်ရင်းပြောပြသည်။

သက်တန့်ထွက်လာတော့ ကြည့်ရတာတကယ်ကိုလှသည် သူတို့ပြောတဲ့ကောင်းကင်ဘုံနဲ့တူတယ်ဆိုတာ ငြင်းမရအောင်လှပပါတယ်။
"မင်း မမှတ်မိဘူးလား ရှောင်ကျန့် ငယ်ငယ်ကဆို ငါတို့မိဘတွေနဲ့ဒီကို ခဏခဏလာကြတယ်လေ"
"မှတ်မိတာပေါ့ အဲ့တုန်းကဆို မင်းကအမြဲပြေးဆော့နေတာဘဲလေ"
"မင်းကတော့ စာရွက်လေးကိုင်ပြီးဟိုခြစ်ဒီခြစ်မဟုတ်လား"
"အေး ဟုတ်ပ"
ဒါဘဲ သူမုန်းတာအဲ့တာဘဲ အဲ့လိုသူတို့ငယ်ငယ်ကအကြောင်းရောက်သွားရင် ရိပေါ်ကအလိုအလျောက်ဘေးလူဖြစ်သွားရသည်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Onde histórias criam vida. Descubra agora