Part-5
"အကိုရေ မြန်မြန်လုပ်ဗျ ကောင်မလေးကျနေတာဘဲ ကြာလိုက်တာဗျာ"
"ပြီးပြီ မင်းအရမ်းလောတာဘဲ ဖိနပ်၀တ်ပါရစေ"
ရှောင်းကျန့်က သူ့ဖိနပ်ကြိုးလေးကိုငုတ်တုတ်ထိုင်ရင်းငုံ့ချည်နေသည်မှာကြာလွန်းသည်မို့ ရိပေါ်ကစိတ်မရှည်တော့ဘဲ ထုံးစံအတိုင်းပင် ရှောင်းကျန့်ရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး နောက်တစ်ကြိုးကိုဝိုင်းချည်ပေးလိုက်လေသည်။
"ရပြီ ရပြီ"
"ရမှဘဲ ကျောင်းနောက်ကျတော့မှာဘဲ"
"အများကြီးလိုပါသေးတယ် မင်းကလောနေတာ"
နှစ်ယောက်သား တစ်ယောက်တစ်ပေါက်ငြင်းပြီး အပြစ်တင်ကြသည်မှာ မနက်တိုင်းရဲ့အလုပ်ပင်။
ဘာလိုလိုနဲ့ ရိပေါ်ကရှောင်းကျန့်နဲ့တူတူရှိနေခဲ့တာ သုံးလကျော်ခဲ့လေပြီ။"ရပြီနော်"
"ရပြီ တာ့တာ ကျောင်းမှတွေ့မယ်"
"အေး အေး"
ရှောင်းကျန့်ကားလေးကတရွေ့ရွေ့ထွက်သွားလေပြီ ကျောင်းကဟိုဟိုဒီဒီစပ်စုလာမှာကိုမကြိုက်တာမို့ ရိပေါ်ကအမြဲကျောင်းမရောက်ခင်လမ်းကြားလေးမှာဆင်းနေခဲ့၍နောက်မှလမ်းလျှောက်လိုက်ရန် နှစ်ဦးလုံးသဘောတူဆုံးဖြတ်ခဲ့ကြသည်။
ရိပေါ်ကအတန်းထဲ၀င်သည်နှင့် သူ့စာရေးခုံပေါ်မှချောကလက်ထုပ်ကိုမြင်ရလေပြီ ဒီလိုတွေစတင်လက်ခံရခြင်းဟာ လွန်ခဲ့တဲ့နှစ်လ လပတ်တွေဖြေပြီးကတည်းကပင်ဖြစ်သည်။
နဂိုကတည်းကရုပ်ရှည်ချောမောခန့်ညားလှသူရိပေါ်သည် ကျောင်းလူဆိုးလေးဘ၀မှ စာတော်တဲ့ကောင်လေးအဖြစ်ရုတ်ချည်းပြောင်းလဲသွားခြင်းသည် ကောင်မလေးတွေရိပေါ်ကိုစတင်သဲသဲလှုပ်ရခြင်း၏အကြောင်းအရင်းဖြစ်လာခဲ့သည်။ရိပေါ်က ခုံပေါ်ကချောကလက်ထုပ်ကို မျက်ခုံးတစ်ချက်ပင့်ကြည့်လျက် ကောက်ယူပြီး အတန်းရဲ့ထောင့်ခန်းတွင်ရှိသော အမှိုက်ပုံးထဲသို့လွှတ်ပစ်လိုက်လေသည် သူဒါတွေစိတ်မ၀င်စား။
"အားလုံးမင်္ဂလာပါ"
"မင်္ဂလာပါ"
ရှောင်းကျန့်က စာသင်ရင်းနဲ့ ရိပေါ်ကိုမကြည့်မိအောင်ကြိုးစားရင်းမှ တစ်ချက်လှမ်းကြည့်မိသောအခါ ရိပေါ်ကမျက်စိတစ်ဖက်မှိတ်၍လျှာတစ်ချက်သပ်ပြလေသည်
ရှောင်းကျန့်ကချက်ချင်းအကြည့်လွှဲကာ ပြုံးရယ်ချင်စိတ်ကိုမနည်းထိန်းရင်းစာဆက်သင်ရသည် ဒါစာသင်ခန်းထဲမှာနှစ်ယောက်အကြည့်ဆုံမိတိုင်း လုပ်မိနေကျအမူအရာပင်။ ရိပေါ်ကနောက်ဆုံးတန်းမှာမို့၍သာတော်သေးသည် ဒီကောင်လေးကမျက်နှာသိပ်ပြောင်သည်။
ŞİMDİ OKUDUĞUN
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
Hayran KurguChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...