Part-21
ရှောင်ကျန့်ကမားရဲ့အခန်းထဲမှာ၀အောင်ငိုကျွေးရင်း မျက်ရည်တွေသုတ်ကာ ရိပေါ်ရှိရာသူတို့အခန်းသို့၀င်လာလိုက်တော့မြင်ရတာက ပြတင်းပေါက်ကတဆင့် အပြင်ကိုလှမ်းငေးနေပုံရသော ရိပေါ်ရဲ့ကျောပြင်လေး။
နောက်တော့အကြည့်ထပ်ရောက်သွားမိတာက ကုတင်ပေါ်တင်ထားသောရိပေါ်ရဲ့အ၀တ်ထုတ် သူထွက်သွားတော့မလို့ဘဲ အမြဲသွက်လက်တဲ့ကောင်လေးက သူ့ကိုထားခဲ့ဖို့ဆိုလဲခပ်သွက်သွက်ပါဘဲလား။
ရှောင်ကျန့်က ငိုထားသောမျက်လုံးတွေကိုလက်ဖြင့်ထပ်ပွတ်လိုက်ရင်း အတတ်နိုင်ဆုံးအားတင်းရင်း အလှဆုံးပြုံးလိုက်လေသည်။ထို့နောက်သူ့ကိုကျောပေးရပ်နေသောရိပေါ်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ
"ရိပေါ်"
သူ့ခေါ်သံကြားတော့ ပြန်လှည့်ကြည့်လာသောရိပေါ်မျက်၀န်းတွေက နီစွေးစွေး ဒီကောင်လေးရောသူလိုဘဲငိုထားလေသလား။
"အင်း"
နှစ်ယောက်လုံးကငိုထားမှုကိုဖုံးကွယ်ရန်အတင်းကြိုးစားနေရတာမို့ မလုံမလဲဖြစ်ကာ ဘာစကားမှမပြောကြ ကြာလာတော့ထုံးစံအတိုင်းရိပေါ်ကဘဲ စတင်၍တိတ်ဆိတ်မှုကိုဖြိုခွင်းရန် ကြိုးစားတော့လေသည်။"အကို ကျနော်"
"မင်းသွားတော့မလို့လား"
ရှောင်ကျန့်က ကုတင်ပေါ်ကရိပေါ်ရဲ့ခရီးဆောင်အိတ်လေးကိုကြည့်ရင်း တိုးလျစွာမေးတော့ ရိပေါ်ကမသက်မသာလေးခေါင်းဆတ်ပြသည်။
"အင်း"
"အော်"
"ကျနော်သွားတော့မယ်အကို အကိုကျနော်နဲ့လိုက်ခဲ့မယ်မလား"
ရိပေါ်က ရှောင်ကျန့်ရဲ့လက်လေးတွေကိုဆွဲရင်း မျှော်လင့်သောမျက်၀န်းလေးများဖြင့်ပြောသည်။"ငါ ငါ"
"လိုက်ခဲ့မယ်မလားအကို ကျနော်နဲ့လိုက်ခဲ့ပါနော်"
"ငါ ငါမလိုက်နိုင်ဘူး ရိပေါ်"
"ဘာပြောတာ"
"ငါတောင်းပန်ပါတယ် ငါမင်းနဲ့မလိုက်နိုင်ဘူး"
ရိပေါ်က သူကိုင်ထားသောရှောင်ကျန့်လက်တွေကိုလွှတ်ချမိလိုက်သည် ရှောင်ကျန့်က ရိပေါ်ကိုမျက်ရည်တွေပြည့်နေသောမျက်၀န်းဖြင့် တောင်းပန်စွာကြည့်နေသည်။
"ဘာလို့လဲ"
"ငါ ပြင်သစ်ကိုသွားရမယ်"
"သွားမယ်ပေါ့ ဟုတ်လား အဲ့ကောင်ပို့ပေးတဲ့နေရာကိုသွားမှာမို့ ကျနော့်နောက်ကိုမလိုက်နိုင်ဘူးပေါ့ အဲ့လိုလား"
ပြန်ဖြေရှင်းချက်ထွက်မလာသောရှောင်ကျန့်နှုတ်ခမ်းတွေကိုကြည့်ရင်း ရိပေါ်ကဟက်ခနဲရီသည်။
![](https://img.wattpad.com/cover/272111972-288-k164331.jpg)
VOCÊ ESTÁ LENDO
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanficChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...