Part-14
ဆေးရုံကအပြန် မိထွေးနဲ့အတူလိုအပ်တဲ့ပစ္စည်းတစ်ချို့ယူမယ်ဆိုပြီး အိမ်ပြန်လိုက်လာခဲ့တယ် ဒါပေမယ့် ဆရာ၀န်ပြောလိုက်တဲ့ပါးရောဂါအကြောင်းတောင် နှစ်ယောက်စကားမဆက်မိကြ။
တော်သေးသည်က ရောဂါကအလွန်အကျူးတော့မဟုတ်ပေမဲ့ ခွဲစိတ်ရမယ် ပြီးတော့ လုံလုံလောက်လောက်အနားယူရမယ်ဆိုတာလောက်နဲ့ပြီးသွားဝာာကိုဘဲကျေးဇူးတင်မိရသည်။
ကို့ဘာသာမိထွေးကိုမုန်းရတဲ့ကြားထဲ ဆေးရုံကိုအမောတကောရောက်လာတဲ့သူ့ကိုရော ရှောင်ကျန့်ကိုရော မကျေနပ်ကြည့်နဲ့ကြည့်နေသောမိထွေးကြောင့် ရိပေါ်ကပိုဒေါသထွက်နေမိတယ်။
ရှောင်ကျန့်ကလဲ မိထွေးရဲ့အကြည့်တွေကိုသဘောပေါက်စွာပင် ညတွင်းချင်းပင်အိမ်ပြန်သွားသည် ဒီမနက်မှပြန်လာခဲ့မယ် တဲ့။
မိထွေးရှေ့မှာ သိမ်ငယ်သွားရသောရှောင်ကျန့်အဖြစ်ကိုသူမမြင်ချင် သူ့ချစ်သူကို ဒီလိုလက်လွတ်စပယ်ဆက်ဆံတာမျိုးကိုသူမကြိုက်။
အိမ်ပေါ်ရောက်တော့မိထွေးကအစားအသောက်သွားထုတ်နေခိုက် ရိပေါ်ကလဲပါးအတွက်လိုအပ်တာယူဖို့ ပါးအခန်းထဲ၀င်လာလိုက်သည်။ပြီးတော့စဉ်းစားရင်းမှမနေ့ကသူတို့နှစ်ယောက်ကိုကြည့်တဲ့အကြည့်ကိုရော ပါးရောဂါဒီအခြေအနေရောက်လာသည်အထိ ဂရုမစိုက်ဘဲပစ်ထားခဲ့သောမိထွေးကိုပိုဒေါသထွက်လာကာ မီးဖိုချောင်ထဲလိုက်၀င်လာခဲ့သည်။
"နေပါဦး ခင်ဗျားကပါးကျန်းမာရေးဒီအခြေအနေရောက်တဲ့ထိဘာလို့ပစ်ထားခဲ့ရတာလဲ ပါးသေရင်အမွေပစ္စည်းတွေခင်ဗျားရမှာမို့လို့မလား"
"ရိပေါ် မင်းဘာစကားပြောတာလဲ"
"ကြားတဲ့အတိုင်းဘဲလေ ပါးကခင်ဗျားနဲ့အတူရှ်ိနေခဲ့တာလေ ရောဂါကဒီလိုခွဲစိတ်ရမယ့်အခြေအနေမရောက်ခင် ခင်ဗျားသိရမယ်လေ ကျနော့်ကိုပြောရမယ်လေ"
"မင်းကိုပြောရအောင် ဒီတစ်နှစ်အတွင်း မင်းအိမ်ကိုတခေါက်ပြန်လာလို့လား"
"မနေ့ကကျ ကျနော့်ဖုန်းကိုခင်ဗျားဆက်တတ်တယ်မလား အဲ့လိုဘဲဆက်လေ ပြီးတော့မနေ့ညက ကျနော်ကိုရော ရှောင်ကျန့်ကိုရောကြည့်တဲ့အကြည့်ကရော ဘာလဲ ခင်ဗျားကမနေ့ညမှပြောတော့ ကျနော်တို့လဲ မနေ့ညမှစသိရတာပေါ့ အဲ့တာခင်ဗျားကဘာကိုမကျေမနပ်လာဖြစ်နေတာလဲ"
ရိပေါ်က ပါးကိုစိတ်ပူနေတဲ့စိတ်ရော မိထွေးကိုမုန်းတဲ့စိတ်ရောကြောင့် သည်းမခံနိုင်စွာအော်ပြောမိလေသည်။
BẠN ĐANG ĐỌC
ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)
FanfictionChongqingမြို့လေးကနေ Luoyaung မြို့ကို ကျောင်းဆရာအဖြစ်ရောက်လာတဲ့ရှောင်ကျန့်နဲ့ မိထွေးနဲ့အဖေကို မုန်းတဲ့စိတ်ကြောင့် ပေပေတေတေနေခဲ့တဲ့ကျောင်းရဲ့လူဆိုးလေး၀မ်ရိပေါ် ၊ သူ့ကို သူ့အဖေရဲ့စည်းစိမ်တွေကြောင့် ကပ်လေ့ရှိတဲ့လူတွေကိုမုန်းနေတဲ့ရိပေါ်က ရှောင်ကျန့်စီက...