ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_13

1.7K 127 1
                                    

Part-13

ရှောင်ကျန့်အိပ်ရာကနိုးလာတော့ ထဖို့ကြိုးစားရင်း စူးခနဲနာကျင်မှုကိုခံစားရတာကြောင့် ထဖို့ဆက်မကြိုးစားတော့ဘဲ သူ့ကိုဖက်ထားသော၀မ်ရိပေါ်လက်တွေကြားထဲမှာဘဲ အလိုက်သင့်ပြန်လှဲနေလိုက်ရသည် ဒါပေမဲ့သူ့ရဲ့လှုပ်ရှားမှုကြောင့် ရိပေါ်ကပါ နိုးလာဟန်ဖြင့် လူးလွန့်လာသည်။
"အင် အကိုနိုးပြီလား"
"အင်း"
ရှောင်ကျန့်က ခပ်ပြတ်ပြတ်ဖြင့် ဆူပုတ်ပုတ်နှင့်ဖြေလိုက်မိသည် ရိပေါ်ကိုခုထိမကျေနပ် နာရတဲ့ဒဏ်ကို သူမခံစားရတိုင်း။
"အင်း ဟား ဆူပုတ်နေတာဘဲ စောစောစီးစီးကွာ"
"......"
"ကဲပါ ဆူပုတ်မနေနဲ့တော့ တခုခုသွားစားရအောင် ထထ"
ရိပေါ်က ခုထိ တုပ်တုပ်တောင်မလှုပ်ဘဲ ဆူပုတ်လျက် သူ့ကိုသာမျက်စောင်းဖြင့်စိုက်ကြည့်နေသော ရှောင်ကျန့်ကြောင့် ပြုံးချင်ချင်ဖြစ်လာရသည်။

"အကို အဲ့လိုစိတ်ဆိုးနေလို့ ဘာမှလုပ်လို့ရတော့တာမဟုတ်ဘူးနော် ပြီးတော့အကိုလဲ မနေ့ညကကျနော်ကို သေချာငြင်းလို့လား"
"မင်းက ငြင်းချိန်တောင်ပေးလို့လား"
"ဟား အကိုအဲ့လိုတော့မပြောနဲ့လေ ကျနော်တချိန်လုံး အကို့နှုတ်ခမ်းတွေကိုနမ်းနေတာမဟုတ်ပါဘူး အသက်ရှုချိန်တော့ပေးထားတာဘဲ"
"တော်ပြီ မပြောနဲ့တော့"
"ဘာလို့လဲ ရှက်လို့မလား ကောင်လေးရှက်နေပြီ"
"၀မ်ရိပေါ် မင်းကိုတော်တော့လို့ ငါပြောနေတယ်လေ"
"ဟား ဟုတ်ပြီ ဟုတ်ပြီ မပြောတော့ဘူး ထ မျက်နှာသစ်ရအောင်"
ဒီလိုပြောတော့လဲ တုပ်တုပ်မျှမလှုပ်သောရှောင်ကျန့်ကြောင့် ရိပေါ်ကစိတ်ထဲမျက်လာရသည် ဒီလိုလဲမဟုတ် ဟိုလိုမဟုတ်နဲ့ ဂျစ်တိုက်နေတာ မဟုတ်သေးဘူး ခေါင်းထဲသို့အတွေးတစ်ခု၀င်လာတာမို့ ချက်ချင်းပြုံးလိုက်မိသည်။

"အာ ကျနော်သိပြီ အကိုမထနိုင်ဘူးမလား နာနေတုန်းလား"
ရိပေါ်စကားကြောင့် ရှောင်ကျန့်ကထူပူသွားကာ ဘေးနားကခေါင်းအုံးနဲ့ထိုင်နေသောရိပေါ်ကိုလှမ်းထုလိုက်တော့သည်။
"၀မ်ရိပေါ် မင်းအဲ့အကြောင်းမပြောဘဲနေလို့မရဘူးလား"
"ရတယ်လေ ကျနော်လဲအကိုရှက်အောင်မစချင်ပါဘူး ဒါပေမယ့်ခုအကို တကယ်မထနိုင်ဘူးမလား"
"ထနိုင်တယ်"
"ဒါဆို ထလေ"
"ထမယ် မင်းအရင်အပြင်ထွက်နှင့်"
"ဟား တော်ပြီ တော်ပြီ ရှက်မနေနဲ့ အချိန်တွေကြာတယ် ကျနော်လဲဗိုက်ဆာနေပြီ ကျနော်ဘဲချီတော့မယ် အကိုသာငြိမ်ငြိမ်နေ"
ရိပေါ်က ပြောနေရင်းမှဘဲ ရှောင်ကျန့်ကိုသူခြုံထားတဲ့စောင်နဲ့ပါရောပတ်ရင်း ဆက်ခနဲပွေ့ချီလိုက်လေသည် မငြင်းသာတော့တာမို့ ရှောင်ကျန့်ကလဲ အလိုက်သင့်ပင် တွဲခိုလိုက်ရလေသည်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)जहाँ कहानियाँ रहती हैं। अभी खोजें