ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန်_2

3.2K 243 1
                                    

Part-2

မနေ့ကစိတ်ဆင်းရဲရ‌‌သလောက် ဒီမနက်တော့ကိုယ်စိတ်ကူးနဲ့ကိုယ် ရှောင်းကျန့်တစ်ယောက်တက်ကြွနေခဲ့လေသည်။
"အားလုံး မင်္ဂလာပါ"
"မင်္ဂလာပါ ဆရာ"
"၀မ်ရိပေါ်ရောက်ပြီလား"
"မရောက်သေးဖူးဆရာ သူကသူစိတ်ပါမှကျောင်းလာတာ ဆရာ"
"အော် ဟုတ်ပြီ ဒါဆိုဆရာတို့သင်ခန်းစာအသစ်တက်ရအောင်"
စာသင်ပြီးတာနဲ့ ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ‌ရုံးခန်းဘက်ဦးတည်လာခဲ့ပြန်သည်။

"ဆရာကြီး ဒီနေ့လဲ ၀မ်ရိပေါ်ရောက်မလာပြန်ဘူး"
"အာ ဆရာရယ် သူကဒီလိုဘဲ"
"သူက ဒီလိုဘဲဆိုပေမဲ့ ကျနော်ကအဲ့လိုမထားနိုင်ဘူးဗျ ကျနော်သူ့မိဘတွေနဲ့တွေ့ချင်တယ်"
"သူ့မိဘတွေက အလုပ်အရမ်းရှုပ်တယ်ဆရာ လာနိုင်မှာမဟုတ်ဘူး"
"ရတယ် ဒါဆိုသူတို့လိပ်စာပေးပါ ကျနော်သွားတွေ့လိုက်မယ်"
"ဆရာရယ် ကျနော့်ကိုအခက်တွေ့အောင်မလုပ်ချင်ပါနဲ့ဗျာ"
"ဆရာစိတ်ချပါ ကျနော့်ကိုလိပ်စာဘဲပေးပါ ဆရာတို့သဘောကျ ကျနော်အောက်ကျို့ပြီးပြောပါ့မယ် ဒီကလေးအကြောင်းကိုသေချာသိအောင်မေးချင်ရုံပါ"
"မဖြစ်ဘူးထင်ပါတယ်ဆရာရယ်"
"ဖြစ်ပါတယ် ကျနော့်ကြောင့်ပြသာနာမဖြစ်စေရပ်ဘူး ကျနော်စာကောင်းကောင်းသင်နိုင်အောင် ကျနော့်ကိုဒါလေးတော့ကူညီပေးပါ"
"ဟုတ်ပါပြီ ကျနော်သူတို့အိမ်လိပ်စာပေးလိုက်ပါ့မယ် ဒါပေမဲ့ဆရာကတိပေးပါ စိတ်လိုက်မာန်ပါမလုပ်ခဲ့ပါနဲ့"
"ဟုတ်ကဲ့ပါ"
ဆရာကြီးပေးလိုက်သော လိပ်စာကိုကြည့်ရင်း ရှောင်းကျန့်တစ်ယောက်ပြုံးနေမိသည်။ ကျောင်းသားကကျောင်းမလာချင်ရင် လာချင်အောင်သူကကြိုးစားရမှာပေါ့ လို့တွေးလိုက်မိသည်။

လူခေါ်ဘဲလ်ကိုနှိပ်ပြီး အိမ်ရှေ့မှာရပ်နေလိုက်သည်။
"ဘယ်သူပါလဲရှင့်"
"ကျနော် ၀မ်ရိပေါ်ဆရာပါဗျ"
"အကိုလေးကျောင်းကပြန်မလာသေးဖူးရှင့်"
"ဟုတ်ကဲ့ ကျနော်သိပါတယ် ကျနော်သူ့မိဘတွေနဲ့တွေ့ချင်လို့ပါ"
"အော် ဟုတ် ဟုတ်ကဲ့ ၀င်ပါ"
အိမ်ကြီးကိုကြည့်ကတည်းက တန်ဖိုးရှိလောက်မည်မှန်းရှောင်းကျန့်သိပေမဲ့ အိမ်အတွင်းပိုင်းတွင်အလှဆင်ထားသောပန်းချီကားတွေကိုကြည့်ရင်း ရှောင်းကျန့်မှင်သက်သွားမိသည်။ဒီပန်းချီကားတွေက ပန်းချီဝါသနာပါလှသော ရှောင်းကျန့်အရူးအမူးသဘောကျခဲ့ရသော တန်ဖိုးကြီးပန်းချီကားတွေပင်။

ချစ်ခြင်းမုန်းခြင်းကင်းမဲ့ဇုန် (Completed)Donde viven las historias. Descúbrelo ahora