ခင်ဗျားတို့ဆုတောင်းမှားခြင်းတွေကိုယုံလား......?
အကြွေးတောင်းဖို့လာခဲ့တဲ့ရေစက်ဆိုးတွေနဲ့
အကြွေးဆပ်ဖို့ စောင့်နေရမယ့်ရေစက်ဆိုးတွေ
ဟာ....ထာဝရမလှနိုင်ပါဘူး....။ကျိန်စာ ဆိုတာ စိတ်အားထက်သန်မှုပြင်းလွန်းရင်
သေသေချာချာထိရောက်နိုင်တယ်....ဒါဆိုနောင်ဘဝကိုရောယုံလား.....?
ယုံတယ်....ယုံရမယ်....တောက်လောင်နေတဲ့ အာဂတတွေကို
ဘဝတစ်ခုပြီးတဲ့အထိ မီးမရှို့နိုင်ဘဲ...
နောင်ထပ်ဘဝတစ်ခုအထိ သယ်ပိုးလာနိုင်ခြင်းဟာ
သိပ်ပြောင်မြောက်တဲ့...အမုန်းတရားတစ်ခုကိုပြတာပဲ
အစွဲအလန်းကို အဓိပ္ပာယ်ဖွင့်ဆိုချင်တာပဲမျက်နှာမြင် နှိပ်စက်လိုက်ချင်ပါစေ
အသံကြား တောက်ခေါက်နိုင်ပါစေဆိုတဲ့
အမုန်းတရားတွေဟာ....ကမ္ဘာမြေတည်သရွေ့
ပေါက်ဖွားကျယ်ပြန့်နေအုန်းမှာ.....သွေးနဲ့တောင်းခဲ့တဲ့ တောင်းဆုတွေ
သွေးနဲ့တိုက်ခဲ့တဲ့ ကျိန်စာတွေ...
သွေးနဲ့ရင်းပြီး တစစီစုတ်ဖြဲပစ်ချင်ခဲ့တဲ့
ကျူပ်စိတ်ဝိဥာည်အဆက်ဆက်မှာခင်ဗျားကို သေလောက်အောင်ကိုမုန်းတယ်......။
JEon Jung Kook........။
အရှုံးသမားတွေဟာ....စက္ကန့်တွေတိုင်း
ကိုယ့်စိတ်ကိုယ်မီးလောင်တိုက်သွင်းပြီး
ရှုံးလို့ရှုံးမှန်းမသိ....စိတ်ကြီးဝင်
ရူးနေတတ်ကြတယ်.....လက်ပိုက်ပြီးဟားတိုက်လှောင်လိုက်ရုံနဲ့
မကောင်းဆိုးဝါးလိုလည်း.....
မိုက်ရိုင်းပြတတ်ကြတယ်.....မပြုံးပြနဲ့....မုန်းလွန်းလို့ပါတဲ့........။
တန်ဖိုးမဲ့သိက္ခာတရားတွေနဲ့
ဘဝ ကို ရိုင်းစိုင်းဖို့ မွေးဖွားလာတဲ့
လူတစ်ယောက်ကို
ဖြစ်နိုင်ရင် ကိုယ့်ဘက်ကလည်းစေ့စေ့တောင်မကြည့်
ချင်ခဲ့ဘူး....။မက်မောလောက်တဲ့ကောင်းသော
အချက်လေးတစ်ချက်တောင်
မရှိဘဲ အပြုအမူဆိုးတွေနဲ့
လူဆိုးကောင်စစ်စစ်ကို လူတစ်ယောက်လို့
တောင် ကိုယ့်ဘက်ကလည်းမြင်တာမဟုတ်ခဲ့...။အရှုံးသမားတွေ....စောက်ရမ်းဟာသဆန်တယ်...။
ParkJimin.......။
ဉာဏ်သုံးရမယ်.....အရောင်တွေအများကြီးနဲ့
ဘဝကိုခြယ်ရမယ်...
မင်းကောက်ကျစ်တယ်လို့ပြောရင်...
ဉာဏ်များရတဲ့ဘဝ သိပ်ကျေနပ်စရာကောင်းကြောင်း
နူတ်ခမ်းတွေကိုသပ်ပြီး စွဲဆောင်မှုရှိရှိ
ပြန်ပြောပေးမယ်...စနစ်တကျ....လောကကြီးရဲ့
သာယာမှုကို ခံစားမယ်.....
လိုချင်တာလေးတွေကို လက်သွယ်သွယ်လေး
တွေနဲ့ တခုချင်း တခုချင်း သဲ့ယူသွားမယ်...သိပ်ကြောက်စရာကောင်းတဲ့လူလို့
ပြောရင် မျက်နှာလေးမဲ့ငိုချပြလိုက်မယ်....
ဟင့်အင်း...အဲ့လိုလုံးဝမဟုတ်ပါဘူး....
သူကသိပ်ချစ်စရာကောင်းတာကို......။မင်းသားတပါးလိုအသက်ရှုမယ်....
ခစားခြင်းတွေမှာပျော်မွှေ့မယ်....လှလှပပ ကြွကြွရွရွလေး....
ကျဆုံးခဲ့ရရင်တောင် ရီရီမောမောပဲပေါ့....
ဗီလိန်မဆန်ချင်ပါဘူးဗျာ....။
KimTaeHyung......။
..............
အဆင်ပြေရင်တော့ရေးပေးမယ်..
မပြေနိုင်လောက်ဘူးထင်ရင်လည်း
အကြံပေးပေးလို့ရပါတယ်....
လက်ရှိစိတ်အခြေအနေနဲ့က
ဒီလိုဇာတ်အိမ်တွေပဲထွက်လာလို့....💔
ESTÁS LEYENDO
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔