"ပေါင်ပေါ်ပဲလာထိုင်လေ...အိမ်မှာ
ဂရုစိုက်နေစရာဘယ်သူမှလည်းရှိတော့တာမဟုတ်ဘဲနဲ့""ဝရံတာကြီးမှာ...."
"မောင်တို့က အိမ်ထောင်ဖက်တွေလေ ဘယ်လိုနေနေ
တင့်တယ်တယ်....ဒီပတ်ဝန်းကျင်ကလူတွေက
မောင့်ကိုဆို မကဲ့ရဲ့ရဲဘူး...."ညသည်...လေပြေတချို့နှင့်ကြယ်တွေစုံလျှက်ရှိသည်။
JEonအိမ်တော်ကြီး၏တတိယထပ်ဝရံတာသည်
တစ်အိမ်လုံးမှာ လက်ရာအမြောက်ဆုံးထဲပါပြီး
ညဘက်ဆို အလွန်နေလို့ထိုင်လို့ ကောင်းလွန်းလှသည့်
နေရာ...။
ခုံတွင် ဝိုင်ခွက်ကိုင်ကာ ရင်ခွင်တစ်ခုလုံးဖွင့်ဟထား
သော မောင့်ဆီသို့ ဆိုင်သူလေးကဝိုင်ခွက်လေး
ကိုင်ကာ လျှောက်သွားရင်း ညစာစားတုန်းကလို
ဘေးတစောင်းလေးချစ်စရာကောင်းအောင်
ထိုင်လိုက်တာမျိုးမဟုတ်...။
မောင်နှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်
မောင့်ပေါင်တံတွေအပေါ်ခွထိုင်လိုက်သည်။"ပြီးတာပဲ......"
မောင်က ဆိုင်သူလေး၏ခါးသိမ်သိမ်လေးကို ဖက်ထားပြီး
ဝိုင်တစ်ကျိုက်ကိုအရသာခံကာသောက်လိုက်သည်။"ဝိုင် အဆင်ပြေလား....ဝယ်သာဝယ်လာခဲ့တာ
မောင် အကြိုက်တွေ့ပါ့မလားလို့...""မင်း ကြိုက်ရင် မောင် ကြိုက်တယ်..."
မောင်က ဝရံတာဘောင်ပေါ်က စီးကရက်ဘူး
ကိုယူကာ စီးကရက်တစ်လိပ်ထုတ်လိုက်သည်။"သောက်အုန်းမလို့လား....."
"တစ်လိပ်ပဲလေ...ဝိုင်ရယ်
စီးကရက်ရယ် JeonJimin ရယ်ပေါင်းမှ...လောကနိဗ္ဗာန်ရောက်တာ...""စကားတွေအရမ်းတတ်တာပဲ....
တစ်ခါတစ်လေကျ အဲ့လိုတတ်တာမျိုးတွေကို
မကြိုက်ပါဘူး...."မောင်သည် စီးကရက် တစ်ရှိုက်ဖွာကာ
ဆိုင်သူလေး၏မျက်နှာလှလှလေးအပေါ်
စီးကရက်ငွေ့တွေကိုမှုတ်ထုတ်ရင်း...
ဆိုသည်။"မောင်....."
"ဗျာ...."
"နမ်းပါလား...နည်းနည်းမူးနေပြီထင်တယ်....
မောင့် ကိုနမ်းချင်လာပြီ..."
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔