အဝေးကြီးနေလှမ်းကြည့်မိရုံနဲ့ရင်ထဲနွေးခနဲ...
ပန်းခြံရဲ့ခုံတန်းလေးတစ်ခုမှာ စာအုပ်တအုပ်နဲ့
လောကကြီးကိုမေ့နေတဲ့ Joon..။ရပ်ထားသောစက်ဘီးလေးရယ်...
Joonရဲ့အရောင်မှိုင်းမှိုင်းအနွေးထည်က
အရိုးရှင်းဆုံးသောဖြစ်တည်မှုတွေဆိုပေမယ့်
အဆန်းပြားဆုံးသောရင်ခုန်သံတွေကိုတွေ့ဆုံတိုင်းမှာ
ဖန်တီးတယ်.....။ဆေးခန်းကနေပြန်လာတော့စာအုပ်ဆိုင်ကို
ပြေးကြည့်ခဲ့ပေမယ့် ရှိမနေ....။
စာအုပ်ဆိုင်မှာမရှိရင်ဘယ်မှာရှိနေမယ်ဆိုတာ
တန်းသိနိုင်တဲ့အထိ Joonကို Kimအလွတ်ရပါသည်။တလောကရန်ဖြစ်လာပုံပေါက်တဲ့Joonဟာ
မျက်နှာမှာပြင်းထန်တဲ့အနာတရတစ်ခုနဲ့။
ဘယ်သူလုပ်တာလဲ ဘာကြောင့်ဖြစ်လာသလဲ
ဘာမှမေး၍မရခဲ့။
Joonဟာ ဂရုစိုက်ဖို့မလိုကြောင်းခပ်အေးအေးသာ
ပြောခဲ့တယ်...။အေးအေးချမ်းချမ်းသဘာဝတရားလေးကို
ဘယ်ကောင်လက်သရမ်းသလဲသိပ်ကိုသိချင်ပါသည်။
သိတဲ့နေ့ကတော့ တွေ့ရာသချိုင်္င်းဓားမဆိုင်းပဲ။ဘယ်လိုဖြစ်တည်မှုမှာမဆို လူတိုင်းဟာ
ကိုယ်သိပ်တွယ်တာရသောနှောင်ကြိုးလေးအပေါ်
မှာတော့အထိမခံကာကွယ်ပေးချင်ကြတာကြီးမလား။ထိုအနာကို ဆရာဝန်ပီပီဆေးတွေပို့ရင်း
သိပ်ကုသပေးချင်ခဲ့တာမို့Joonဆိုင်ကို
ချောင်းပေါက်မတတ်ဝင်ထွက်ရင်းဂရုစိုက်
ပေးခဲ့တယ်...။KimSeokJin ကစိတ်ကျန်းမာရေးအထူးကုပါ....။
ဒါပေမယ့် သဘာဝလေးအတွက်
အထွေထွေရောဂါကုအဖြစ်ဘွဲ့ပြောင်းလဲယူရင်း
ခုလည်းအနာကိုခေါင်းစဉ်တပ်ကာပန်းခြံထဲသို့
လိုက်လာခဲ့သည်။"Joon....."
"Joon...."
စာကြည့်မျက်မှန်နဲ့Joonဟာအာရုံသိပ်မျောနေ၍
သူခေါ်နေတာကိုမကြားသုံးခွန်းမြောက်တော့
ကြားသွားကာမော့ကြည့်လာသည်။"ဒေါက်တာ...ပါလား..."
"ငါထိုင်လို့ရမလား..."
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔