💔21💔(Part2)

50.8K 3.8K 1.2K
                                    

"မတိတ်ဘူးလား သွေးတွေက....."

အိမ်ကြီးသည်တိတ်ဆိတ်ငြိမ်သက်သွား
ပေမယ့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော
အခန်းထဲက နှစ်ယောက်ကတော့မငြိမ်သက်သေး...။

JEonနှာခေါင်းကသွေးတွေသည်
မရပ်မနားစီးကျနေကာJeon သည်
ခေါင်းမာစွာ အကျီတထည်ဖြင့်ဖိထားရင်း
ခုတင်ခြေရင်းတွင်ထိုင်နေသည်။

"ငါမေးနေရင်ဖြေ!!"

"မတိတ်လ်ို့ ဖိထားတာပေါ့...မမြင်ဘူးလား..."

"ပြစမ်း....တအားများလား"

လက်ကောက်ဝတ်ကကြိုးရာတွေ
တနေကုန်အေးခဲတော့မလိုဖြစ်ရသောဒဏ်တွေ
ကြောက်ခဲ့ရသောစိတ်တွေကြောင့်
ဒီ ကောင်ကို ထုရိုက်ကန်ကျောက်ပစ်ချင်
နေပေမယ့် ဘယ်နေရာကန်ရမှန်းတောင်မသိ။
တကိုယ်လုံးဒဏ်ရာတွေကြီးပဲ...။

ကန်ချင်တာက တကန့်
ငုတ်တုတ်ထိုင်ကာ အရွဲ့တိုက်ပြီး
သွေးလွန်ခံနေတာကျတော့လည်းမဖြစ်သေးတာ
ကြောင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ကာ
ချော့မော့ပြီး အကျီကိုဖယ်ကြည့်ရသည်။

"တော်တော် ထိသွားတာပဲ...."

ချက်ချင်းအကျီဖြင့်ပြန်ဖိထားလိုက်တဲ့သူ။
အချိုးမပြေခြင်းတွင် ပြိုင်ဘက်မရှိ...။

"သွေးထွက်လွန်ရင် သေမှာ...
သေချင်လား...
သေချင်ရင်လည်းသေ..
တကယ်လို့မသေချင်ဘူးဆိုရင်တော့
ဆေးရုံသွားရအောင်....."

Jungkook ရေဆေးရုံသွားမှဖြစ်မယ်ထင်တယ်
လို့ပြောလိုက်ရင်...စိတ်ချမ်းသာသွားမည်စ်ုး၍
ParkJimin ၏
စကားအလင်္ကာတည်ဆောက်ပုံသည်ဟင်ခနဲဟာခနဲ...။

"မသွားဘူး.....ခင်ဗျားကိုနည်းနည်းလေး
တောင်ကျေနပ်သေးတာမဟုတ်သေးဘူးနော်.."

"ဘာလဲ ငါအဲ့ဒီအခန်းထဲ ဒီရာသီဥတုနဲ့အေးခဲပြီး
သေသွားမှ မင်းကျေနပ်မှာလား..."

သွေးတွေသည်ပြောနေရင်းကနေ
မရပ်မနားစီးကျလာပြန်သည်။
JungKookမျက်နှာသည်တဖြည်းဖြည်းဖြူဖျော့
လာကာ မျက်လုံးတွေပင်သိပ်မစူးရဲနိုင်။

"တောက်!!!!မရပ်တော့ဘူး...
ဒေါသတွေထွက်လိုက်တာကွာ.....
ရေသွားဆေးချမယ်.... ဖယ် ရှေ့က...."

မောင်Where stories live. Discover now