"လူတွေကိုသိလည်းမသိ တစ်ခါမှမမြင်ဖူးနေခဲ့ဘဲနဲ့
မြင်မြင်ချင်းမုန်းနေတာမျိုး....
မျက်ရည်တွေဝဲမိတဲ့အထိ ဝမ်းနည်းသွားတာတာမျိုး
တွေက ကျတော့်ကိုယ်ကျတော်အရူးလို့
သတ်မှတ်လို့ရပီမလား"SeokJin သည်ဆေးစာအုပ်တစ်ခုကိုဖတ်ကာ
ဝရံတာတွင်Noteထုတ်နေသည်။
Jungkook သည်မျက်နှာချင်းဆိုင်ခုံတွင်
ထိုင်နေကာပီကေထိုင်ဝါးလျှက်ခြေထောက်
တွေချိတ်ထားပြီးစကားတချို့ပြောနေသည်။SeokJin သည်Jungkook ကိုပြန်စေချင်နေပီ။
တလစာ အိပ်ဆေးတွေ စိတ်ငြိမ်ဆေးတွေ
သူ့စိတ်ကျန်းမာရေးအတွက်လိုအပ်တာမှန်သမျှ
အားလုံးလုပ်ပေးပီးပီဖြစ်ပေမယ့်....
ထုံးစံအတိုင်း သူပြောချင်ရာထိုင်ပြောနေတုန်း...။ပြောမယ့်အကြောင်းအရာများသည်
အက်ကြောင်းထပ်စွာ...ဒါတွေပဲအကြိမ်ကြိမ်အထပ်ထပ်။
ဒါပေမယ့် မင်းပြန်တော့ကွာ လို့ တော့
Seokjin ဘယ်တော့မှမနှင်ရက်ခဲ့ပါ။ဒီကုဋေရှစ်ရာရှစ်ထောင် သူဌေးသားလေးရဲ့
စိတ်ပိုင်းဆိုင်ရာပြသနာတွေကိုဖြေရှင်းပေးဖို့
နားထောင်ပေးဖို့လူ တစ်ယောက်မှရှိမနေဘူးဆိုတာ
SeokJinသေချာစွာသိနေခဲ့လို့...။၁၆နှစ်သားJungKookကိုသူ့အမေဖြစ်သူက
လက်ဆွဲကာ အိမ်မက်ဆိုးတွေအလွန်အကျွံမက်ပြီး
ဖျားလာတယ်...စိတ်ကြီးလာတယ်
သူ့စိတ်သူမထိန်းချူပ်နိုင်ဘဲ အိမ်မှာမကြာခဏ
သောင်းကျန်းလို့ငြိမ်သွားအောင်လုပ်ပေးဖို့
ကျတော့်ဆေးခန်းကိုခေါ်လာခဲ့တယ်....။ကျတော်ကဆရာဝန်ဖြစ်ခါစ...။
ဒီကလေးလေးကို အိပ်ပျော်အောင်
အတွေးတွေအဆင်ပြေအောင် အတတ်နိုင်ဆုံး
ကူရာမဲ့နိုးမလာအောင်တတ်နိုင်သမျှကြိုးစားကုပေးခဲ့
တယ်...။အရင်ထက်အများကြီးသက်သာလာပါတယ်
လို့ဆို၍ရပေမယ့် တခါတရံတော့ ထထသွေးဆိုး
တတ်သေးသည်။သို့သော်ဒါအများကြီးအဆင်ပြေ
သွားတယ်ဆိုရမယ်လေ....။Jungkook ကသူ့အမေကိုသိပ်ချစ်တယ်
သိပ်ယုံကြည်တာကြောင့် သူ့အမေယုံကြည်တဲ့
ကျတော့်ကို အများကြီးအားကိုးခဲ့တယ်...။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔