"မြှားပစ်လေ့ကျင်မလို့ဆို"
"စိတ်မပါတော့လို့....Jeonငယ်ပုံတူဆွဲမလို့ဆို
ကိုယ်တော့်ပုံဆွဲလေ...."ပန်းချီကားချပ်ပေါ်တွင်ခဲသားတို့ချလက်စက
ကချေသည်လေး၏ပုံစံငယ်......
အိမ်ရှေ့စံသည်ဓားတလက်ကိုင်ကာဘယ်လိုရောက်
လာမှန်းမသိ.....။
Jeonသည်ပန်းချီကားကိုအိမ်ရှေ့စံမြင်၍မဖြစ်
တာကြောင့်ပုံစံမပျက်နေနေရသည်။မြှားပစ်လေ့ကျင့်ရမယ်....ဓားသိုင်းတွေလေ့ကျင့်ရမယ်
စစ်ရေးစစ်ရာ နန်းရေးနန်းရာအားလုံးကို
ငါ့ရဲ့ခေါင်းထဲကိုအလစ်အလပ်မရှိထိုးကြိတ်
ထည့်နေရတယ်..။မျက်စိနောက်စရာ
အိမ်ရှေ့စံမင်းသမီးတွေ ကြင်ယာတော်တွေရဲ့
နန်းဆောင်ကြွဖို့ မြူစွယ်ဖြားယောင်းမှုတွေကို
လည်းကွေ့ပတ်ရှောင်ရတယ်....။မအားဘူး...မိုးလင်းထဲကအားမနေဘူး....
ရာဇဝတ်သားတွေ အမှုအခင်းတွေကို မင်းကြီးအစား
အမိန့်ချရမယ်...အာရုံတွေသိပ်ထွေပြားတယ်...။Jeonဟာ နန်းတော်ပန်းခြံထဲငြိမ်ငြိမ်လေး
ပန်းချီဆွဲနေတယ်ဆိုလို့ ချစ်လို့လွှတ်ထားတာ
ဆွဲနေတာ ဘာပုံလဲမေးမိတော့
နန်းတော်တခုလုံးရဲ့အရေးကိစ္စအားလုံးကို
ပစ်ချပြီး အိမ်ရှေ့စံအပြေးနှင်လာရပြီ...။မနာလိုခြင်း သဝန်တိုခြင်းသည် ပြင်းပြင်းပြပြ
နောင်ဘဝတွေတိုင်း ငါ့လိုမျိုးမင်းမဖြစ်ပါစေနဲ့
လို့ ဖြစ်အောင်သက်သက်ကျိန်စာတိုက်ပြီး
ပန်းချီဆွဲတဲ့သူရှေ့ရောက်လာခဲ့သည်။အပြစ်မလုပ်ထားသလို...ခပ်တည်တည်နှင့်
Jeonသည် သူ့ကိုမေးခွန်းတောင်ပြန်ထုတ်နေသေးသည်။"ခုဆွဲပေးရမှာလား...ဘာမှလည်းမပြင်ဆင်ရသေးဘဲ..."
"ဘာတွေကိုပြင်ဆင်ရမှာလဲ....Jeon
ကိုယ်တော်က ပြီးပြည့်စုံပီးသားလေ...."ပြုံးယဲ့ယဲ့နူတ်ခမ်းထူထူတွေ...။
ဒါဟာ အစစ်အမှန်တွေမဟုတ်.....
စိတ်ဒုက္ခပေးဖို့ပဲဖြစ်သည်။
အသံသည် ပျစ်ချွဲချွဲ....
"အကုန်သတ်ပစ်...."လို့ မာန်ပါပါပြောတတ်သော
အိမ်ရှေ့စံမဟုတ်တော့သလိုအပြောင်းအလဲမြန်သည်။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔