💔10💔(Part2)

45.8K 4K 749
                                    

Jimin သည်စကားတွေဆက်မပြောနိုင်ခဲ့...။
မျက်နှာတခုလုံးကိုလက်ဖြင့်အုပ်လိုက်ကာ
ခုံပေါ်မှာတောင်မထိုင်နိုင်ကြမ်းပြင်ပေါ်သို့
ငုတ်တုတ်ထိုင်ချသွားသည်။

Jeon သည်ရက်ခြားလိုလိုရောင်စုံ
အရွယ်စုံကောင်မလေးတွေ
တစ်ယောက်ပီးတစ်ယောက်အိမ်ကိုခေါ်လာတတ်ကာ
စိတ်ရှိသလိုနေလေ့ရှိသည်။
ညဘက်တွေတိုင်းပျားရည်ဆမ်းသောစကားတွေ
နဲ့ဖုန်းပြောတတ်ကာ အားနာမှုမဲ့ ရီရီမောမော
နေလေ့လည်းရှိပါသည်။
Jimin သည်မကြားသလို မသိသလ်ို
မမြင်သလိုသာနေခဲ့ပြီး ယောင်မှား၍တောင်
တချက်မကြည့်ခဲ့ဖူးပါ..။

တစ်ယောက်နဲ့တစ်ယောက်မချစ်လို့
မုန်းလို့ စိတ်ဝင်စားမှုမဲ့လို့ ဘာလုပ်လုပ်
ဘာမှမခံစားရတာ မထူးဆန်းဘူးဟု
JEonကသတ်မှတ်ကာ Jimin လည်း
သူ့လိုမျိုးတွေလုပ်လာရင်မသိသလို
အေးရာအေးကြောင်းနေနိုင်လိမ့်မည်ဟု
တထစ်ချတွေးခဲ့ပါသည်။

ဒါပေမယ့်..ဒါပေမယ့်.လည်း..
အရိပ်အကောင်တောင်မမြင်ရသော
ချစ်သူဟောင်းကို Hyung လို့နူးညံ့စွာခေါ်ပြီး
သတိရနေတယ်ဆိုတာနဲ့တင်...
မီးတောင်ထဲပြုတ်ကျသွားသလိုပူပြင်းလိုက်တာ။

ဘာကြောင့်လဲ မဖြစ်ရဘူး
ဘာဆိုင်လို့ဖြစ်ရမှာလဲဟု ကိုယ့်ကိုကိုယ်
အချက်ပေါင်းများစွာရိုက်ကာသတိပေးခဲ့ပေမယ့်
Jeonဟာ Jimin နဲ့ပတ်သတ်လာရင်
စိတ်ထိန်းနိုင်ခဲ့တဲ့သူဘယ်တော့မှဖြစ်လာမှာမဟုတ်။

"ဖယ်စမ်း...အဲ့လက်တွေကိုဖယ်စမ်း
မင်းက မင်းအကောင်ကိုတမ်းတပီး
ငါ့အခန်းထဲမှာလာငိုရဲနေတာ...."

လုံးဝငိုနေပီဖြစ်၍မမြင်စေချင်သော
Jimin သည်မျက်နှာကိုလက်နှစ်ဖက်ဖြင့်
အတင်းအကျပ်ကိုအုပ်ထားသည်။
Jeonသည် အားသုံးကာအတင်းအကျပ်ဆွဲခွါ
နေသည်။

"ထွက်သွားပေးပါ....ငါစိတ်တွေအရမ်း
ပင်ပန်းနေတယ်....မင်းပြဿနာအရမ်းလုပ်ချင်
ရင်မနက်ကျမင်းကြိုက်တာလုပ်လို့ရတယ်
ငါသိတယ် မင်းအိမ်မှာငါဒီလိုလာမငိုသင့်ဘူး
ဆိုတာ...ငါသိပါတယ်
ဒါပေမယ့်...ဒါပေမယ့် ချစ်ခြင်းတရားဆိုတာ
ဘာလဲလို့သိမှာလုံးဝမဟုတ်တဲ့မင်းကို
ငါရှင်းပြလည်းမင်းနားလည်မှာမဟုတ်
ငါခဏလေးပဲငိုပီးရင် ......"

မောင်Tahanan ng mga kuwento. Tumuklas ngayon