မင်္ဂလာဆောင်ပြီးတဲ့ညထဲကမမြင်ရတော့
တဲ့သူဟာ အိမ်တော်ကိုတစ်ခါမှပြန်မလာခဲ့ပါ။မိုးလင်းတိုင်းJeonအိမ်တော်ကြီးနဲ့
Jiminဟာ စိတ်ဝိဥာဉ်တွေသပ်သပ်စီ။
ဘာပဲဖြစ်ဖြစ်အိမ်ထောင်ရှိသွားပြီးဖြစ်သော
ယောကျ်ားတစ်ယောက်မို့ အိမ်ထောင်ဖက်က
ဘယ်ဆီကိုရောက်နေနေ စည်းတစ်ခုဘောင်တစ်ခု
ဆိုတာတော့ရှိသွားပြီ..။ဒါကိုသူကောင်းကောင်းနားလည်ကာ
JeonJungkookဟာကောင်းကောင်းဆိုးဆိုး
ParkJiminရဲ့တရားဝင်ယောကျ်ား...အတူတူနေနေမနေနေ မျက်နှာကိုမင်္ဂလာဆောင်ပီး
ထဲက မြင်ရရ မမြင်ရရ သတ်မှတ်ချက်တစ်ခုက
တော့ရှိသွားပြီမို့...အိပ်ယာနိုးလာတိုင်း
အိမ်များပြန်လာလောက်မလားလ်ို့အသံတချက်
နားထောင်မိသည်။ပြန်လာစေချင်တာမျိုးမဟုတ်ပေမယ့်လည်း
လက်ထပ်ပီးပီဖြစ်၍ ပုံသေနည်းအမှန်တရား
တွင်သူတို့ဟာ ချစ်ချစ်မုန်းမုန်းအတူတူရှိနေရမှာပဲ။ဒါပေမယ့် JeonJungkookဟာ
အရိပ်ပင်မမြင်ခဲ့ရ....။နေရောင်ဖြာကျလာသောခန်းစီးလိုက်ကာ
ကိုဖွင့်လိုက်ကာ အမွှေးဖယောင်းတိုင်လေးကို
မီးညှိလိုက်သည်..။တပတ်ရှိပြီ...။တပတ်ဆိုတော့နေသားတော့ကျလာပါပြီ
အိမ်တော်ကြီးသည်ကျယ်လွန်းလှ၍
တခါတလေမျက်စိပါလည်တတ်တာကြောင့်
မနည်းမှတ်သားရပါသည်။အိမ်အကူတွေနဲ့လည်းရင်းရင်းနှီးနှီးမနေချင်
ခေါင်းဆောင်တယောက်လောက်ကိုသာ
သူစကားပြောတတ်ပြီး...နာမည်ပင်တစ်ယောက်မှ
မသိသောအိမ်ထဲ ဖာသိဖာသာပင်သူနေသည်။သူဘာကြောင့်JungKook ကိုလက်ထပ်ခဲ့ကြသလဲ
တချို့ကလည်းသိနေမှာဖြစ်တာကြောင့်
အထင်မသေးရဲအောင်ကြိုကာကွယ်
ထားမှတော်ရာကျပါလိမ့်မည်။ဥက္ကဌJeonသည်လည်းသားဖြစ်သူကို
ထိုးထည့်ကာဘယ်ကမ္ဘာဆီလွင့်ပျံ့သွားသလဲ
အဖေသည် သာကြောင်းမာကြောင်းတောင်
ဖုန်းမဆက်ခဲ့ပါ။မေမေ့ကိုတော့နေ့တိုင်းဖုန်းခေါ်ကာ
အထီးကျန်ဆန်လွန်းလှ၍မနေချင်လွန်းသော
အိမ်ကြီးထဲ ပျော်နေကြောင်း ဘယ်လောက်ခမ်းနား
ကြောင်းစကားမရှိစကားရှာလျှောက်ပြောခဲ့ရသည်။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔