ငြင်းဆန်ခွင့်မရှိတဲ့ ဘဝအစီအစဉ်ကျနနေမှုတွေမှာ..
ကိုယ့်ဘဝနဲ့ကိုယ်တသီးတသန့်
ခေါင်းမော့ရင်ကော့အသက်ရှင်ရပ်တည်ချင်ခဲ့
ပေမယ့်လည်းကံကြမ္မာရေးဆွဲသူကို ကျတော်
လွန်ဆန်လို့မရခဲ့ဘူး....။ချည်ပြီးတုတ်ပြီး...ကြိုးတွေနဲ့ကျတော်ဘယ်လောက်
ခေါင်းကြောမာမာ..လွန်ဆန်လို့မရခဲ့ဘူး...။
ဖရိုဖရဲသွေးစို့နေတဲ့နူတ်ခမ်း
တွေနဲ့ခေါင်းညိတ်ခဲ့ပြီးတဲ့နောက်တွင်
လက်ထပ်ပွဲဟာဖြစ်ပြီပေါ့....။ParkJimin ဟာ မတရားချူပ်နမ်းခံရရုံနဲ့
ချက်ချင်းကြောက်လန့်လက်ခံခဲ့ရတာပေါ့လို့
ကိုယ့်စိတ်ဝိဉာဉ်ကကိုယ့်ကိုပြန်လှောင်ပြောင်တဲ့အခါ
ကျတော်ချက်ချင်းမတုံ့ပြန်နိုင်ခဲ့။ပြန်တွေးကြည့်မိတိုင်း အနမ်းခံရသော
အပိုင်းအခြားမိနစ်တွေသည်...
ကျတော်မျက်လုံးတွေကိုမတည်မငြိမ်ဖြစ်စေတဲ့အထိ။
ဒေါသမဟုတ်ပါ...ကျတော်သေသေချာချာသိတယ်။
ကျတော်ဒေါသထွက်နေခဲ့တာမဟုတ်ဘူး...။
ကျတော့်စိတ်စွမ်းအင်တွေကုန်ခမ်းသွားတဲ့အထိ
ပြိုလဲကျသွားခဲ့တာ....
ဘာတွေများဖြစ်သွားရတာလဲ....။
စဉ်းစားကြည့်မိတိုင်းခေါင်းထဲရှုပ်ယှက်ခတ်သွားတာက
လွဲရင်ဘာအဖြေမှမရခဲ့ပါ...။လိုချင်တာဖြစ်ချင်တာဖြစ်သွားကြ၍
အဖေတို့သည်ကျေနပ်သွားကာ
လက်ထပ်ပွဲကို ပြင်ဆင်တော့သည်။အဆိုးထဲကအကောင်းကတော့ ဥက္ကဌJeon
သည်Company မှာဆက်ဦးစီးခိုင်းကာ
ကျတော့်ဘဝသည်အခြေအနေမပျက်ခဲ့။
သူ့အလုပ်တွေလည်းအကူအညီလိုရင်
လာကူဖို့တောင်းဆိုကာကျတော်အဆင်ပြေအောင်
ညှိနှိုင်းပေးသည်။လက်ထပ်ပီးကြရင်တော့ကျတော်ထင်ပါသည်
သေချာပေါက်Jeon Groupမှာပဲအလုပ်လုပ်ပေးရလိမ့်
မည်...။သူ့သားကဆိုးလို့
သူ့သားက အလုပ်တွေအပေါ်ဘယ်တော့မှ
စိတ်ဝင်စားမှုရှိမှာမဟုတ်လို့
သူ့သားဆိုးကို ထိန်းကြောင်းပေးဖို့
တော်သူမို့ တတ်သူမို့ လိမ္မာသူမို့တရားပြပေးရန်
JEonဥက္ကဌကတောင်းဆိုသည်။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔