💔Part1💔

97K 5K 1.6K
                                    

"ယောင်း!!!!!!!!!!"

ကြိုမြင်နေလို့......ဒီလိုအဖြစ်အပျက်တစ်ခု
ဖြစ်တော့မှာကိုသိနေလို့....အစွမ်းကုန်ကာကွယ်
ဖို့အတွက် ပြေးလာခဲ့ပေမယ့် သိပ်ချစ်ရသော
ယောင်းနှလုံးသားတည့်တည့်ကိုမြှားတစ်စင်းက
စိုက်ဝင်နေပြီ......။

မြေပြင်ပေါ်ခွေခနဲလဲကျသွားသောပုံရိပ်လေး
ဆီသွေးရူးသွေးတန်းပြေးသွားကာ
ပွေ့လိုက်ချိန်တွင်ယောင်း တစ်ကိုယ်လုံး
အေးစက်နေခဲ့သည်။

"JEonလေ.....Jeonပါ....
ဘာမှမဖြစ်ဘူးနော်....အဆင်ပြေသွားမှာ
သမားတော်ဆီ ခေါ်သွားပေးမယ်..."

ယောင်း သည် နီရဲနေသောမျက်အိမ်တွေ...
ကျလုဆဲဆဲမျက်ရည်တွေနဲ့ဝေဒနာကို
ပြင်းထန်စွာခံစားနေရရင်းသူ့ကို
ရင်ကွဲနာကျသွားစေနိုင်သောအကြည့်တွေဖြင့်
ကြည့်နေကာ သွေးတွေပေကျံနေသော
လက်ချောင်းရှည်ရှည်လေးတွေဖြင့်
ပါးကို ထိကိုင်လာသည်။

"တောင်းပန်ပါတယ် Jeon......."

"မလိုဘူး တောင်းပန်ဖို့မလိုဘူး
ကိုယ်ချီသွားမယ်....ဘာမှမဖြစ်တော့ဘူး
မင်းကို သူ တို့ ဘာမှမလုပ်တော့ပါဘူး..."

ယောင်းမျက်လုံးလှလှလေးတွေသည်
သူ့ဆီကလွှဲကာတခြားနေရာတခုသို့
ဦးတည်ချက်ပြောင်းသွားသည်။
ယောင်း လှမ်းကြည့်နေရာသို့
ပိုးပိုးပေါက်ပေါက်မျက်ရည်တွေကျနေတဲ့ကြားက
ကြည့်မိတော့..မြင်းပေါ်က ဒီနိုင်ငံ ရဲ့ ဘုရင်......။

အမြဲတမ်း ရွှေရောင်ဝတ်ရုံရှည်ကြီးကို
ခမ်းနားစွာဝတ်ထားတတ်ပြီး
အနက်ရောင်ဆံပင်ရှည်တွေကို ဘုရင်ပီပီ
တိပနေအောင် ချည်နှောင်ထားတတ်ပေမယ့်
ခုညတော့....ဆံပင်ရှည်တွေကိုကြိုးတခုနဲ့
တဝက်ယူကာခပ်လျှော့လျှော့စည်းနှောင်
ထားပြီး ညဝတ်ရုံနှင့် အရောင်နည်းနည်းမှိန်နေသလို။

သို့သော် မျက်အိမ်ကျဉ်းကျဉ်းတို့ကအထူး
စူးရဲစွာပြတ်ရှလွန်းနေခဲ့ပါသည်.....။

ယောင်းသည်....သူ့ကိုပါးစပ်ကထုတ်ဟ
မပြောနိုင်တော့၍မျက်လုံးတွေနှင့်
နှလုံးသားတည့်တည့်ကမြှားသည်
မြင်းပေါ်က  ဘုရင်မင်းမြတ်ရဲ့....
လက်ချက်ပါလို့ သူ့ကိုတိုင်တည်နေသည်။

မောင်Where stories live. Discover now