ဝုန်းးးးးးး
ဆောင့်ကန်ခံလိုက်ရသောထမင်းစားစားပွဲသည်
အကုန်ပျက်ဆီးကာ ပန်းကန်ကျကွဲသံများဖြင့်
ချက်ချင်းဆူညံသွားသည်။
ရုတ်တရက်မို့ လန့်သွားသော ဆိုင်သူလေး
သည်ပူနေတဲ့ကြားက နောက်သို့ဆုတ်သွားခဲ့ရသည်။
မျက်လုံးလေးတွေဝိုင်းစက်နေလျှက်။မောင်ကသိပ်ကြောက်စရာကောင်းသော
မျက်လုံးတွေနဲ့ အတူ မကောင်းသောဝိဉာဉ်
တွေပူးကပ်လာသည့်ပုံစံ။အလွန်ပြိုပျက်နေသောမျက်နှာဖြင့်
မောင်သည် ဆိုင်သူလေးဆီခပ်မြန်မြန်လျှောက်
လာတော့ တော်တော်လေးပူလွန်းတာ
ကြောင့်ဟန်တောင်မဆောင်နိုင်
အရည်လဲ့နေသောမျက်လုံးလေးတွေနှင့်
မော့ကြည့်လာတဲ့သူ....။"ပူ...တယ်.....Jung...kook..."
အသံတိုးတိုးသေးသေးလေးကြောင့်မောင်
တစ်ကိုယ်လုံးပေါက်ကွဲထွက်တော့မလို...
လက်သီးတွေဆုပ်သွားခဲ့သည်။"တောက်!!!!!!!!!"
"နင်တို့အကုန်အသေပဲ....ခုထွက်ပြေးချင်ရင်
ပြေးထားလို့ရတယ်...ငါစီရင်တဲ့အချိန်ကျရင်တော့
တစစီ ဖြစ်ပြီသာမှတ်..."အိမ်တော်ထိန်းကြီးပင်ဒူးတုန်ရလောက်တဲ့အထိ
ပြင်းထန်လွန်းသော မောင့်လက်ညိုး
မောင့်မျက်လုံး မောင့်အသံသည်
တကယ်လုပ်မှာဆိုတာ လုံးဝအသေအချာ။"မတော်....တဆ......ပါ....သခင်.လေး....ဟို..."
"အေး....ငါလည်းမတော်တဆ
နင်တို့အကုန် လုံးကိုရေနွေးပူထဲထည့်ပြုတ်ပေးမယ်
စီစဉ်ထားလိုက်....!!!!"ကလေးတစ်ယောက်လို နာသွားတာရယ်
လန့်သွားတာရယ်ကြောင့်ငိုမဲ့မဲ့ဖြစ်နေသော
မီးတောင်လေးကို ကောက်ချီတော့
ခါးကိုခြေထောက်လေးတွေချိတ်လာခဲ့သည်။နည်းနည်းနောနောထိတာမှမဟုတ်တာ...
ရင်ဘက်တွေ လက်ဖျားတွေ ခြေဖျားတွေ
မျက်နှာအထိ တက်မစင်လို့....။
မျက်နှာသာထိကြည့် အကုန်တန်းသတ်ပစ်မည်။အိပ်ခန်းထဲသို့ချီခေါ်လာကာ ရေချိုးခန်းထဲ
ပြေးဝင်ပြီးအကျီတွေဆွဲချွတ်လိုက်တော့
မောင် သွေးတွေဆူတော့သည်။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔