"Hyung........ကိစ္စကလေ.....
ကျွန်တော်ကလည်းမတရားတာဆိုရင်
ကြည့်မနေနိုင်တော့.....
သူတို့နှစ်ယောက်ပေါင်းပြီး အလုပ်သမားတွေကို
နှိပ်စက်နေမှာလည်းစိုးတယ်.....
Jimin က ပြောရရင် ကျွန်တော့်အတွက်
ကလေးတစ်ယောက်ဆိုလည်း မမှားဘူး
ဟိုလိုမျိုး သံယောဇဉ်တွေကတော့ဖြတ်တောက်လိုက်
ပါပြီ....ကျွန်တော့်ကို Hyung စကားမပြောဘဲနေနေတာကအဆင်မပြေဘူး.....အဲ့တာ....""ငါ့ကိုလည်းအဲ့လိုမျိုးဂရုစိုက်ပါ
ဆရာဝန် မို့ အသက်ကြီးတဲ့သူမို့
အသေးစိတ်ကြည့်နေဖို့မလိုတော့ပါဘူးလို့
မတွေးပါနဲ့ ငါမရင့်ကျက်ဘူးJoon
အထူးသဖြင့်မင်းနဲ့ပတ်သတ်လာရင်
ငါရင့်ကျက်မပေးနိုင်ဘူး......"သုံးနှစ်တာလောက်တွဲခဲ့ကြတော့လည်း
Jimin နဲ့ကျွန်တော်က တချို့အငွေ့အသက်လေး
တွေက ချိတ်ဆက်မိတုန်းမို့ ကလေးကလည်း
ယောင်သည်။ကျွန်တော်ကလည်းတရားမပြရရင်
မနေနိုင်...။လမင်းလေးသည်လုံးဝစိတ်ကောက်
သွားသည်။လမင်းလေးက စိတ်တောင်ညစ်တတ်ရဲ့လား
ဟုသံသယတွေဝင်ခဲ့ဖူးတယ်။
ဘာလို့ဆိုအမြဲတမ်းပြုံးပျော်နေကာပေါ့ပေါ့ပါးပါးလေး
မို့ကျွန်တော်အများကြီးလျှော့ပေါ့တွေးခဲ့တာ။စိတ်ကောက်တယ်ဆိုသောခေါင်းစဉ်တွင်
Coffee ဆိုင်ကပြန်ပြီး နောက်ရက်တွေအထိ
ကျွန်တော့်ကိုလုံးဝစကားမပြောတော့။"ဂရုစိုက်ပေးနေတာမဟုတ်ဘူးလေHyung ရာ
မတရားတာကိုပြောပြ ထိန်းကျောင်းပေးတာပါ...""Joon...မင်းငါ့ကိုချစ်ရောချစ်ရဲ့လား
ငါ့ဘက်က အတင်းအကျပ်လိုက်ကပ်နေလို့
အားနာပါးနား တွဲပေးလိုက်ရတာမျိုးလား
ငါJimin ကို မြင်တိုင်းမှာ အလိုမကျဘူး......"ကလေးကပေးတဲ့ဒဏ်ရာတွေနေသားမကျခင်
မှာတော့ဝန်ခံပါတယ် ဒေါက်တာကသူ့အတွက်
ရိုးရိုးလေးပဲ....။အချိန်တွေကုန်လာတဲ့အမျှအမြဲသစ်သီးနံ့လေးသင်းနေတဲ့ကိုယ့်သင်းနံ့လေးတွေ....
ရီလိုက်ပြုံးလိုက်တဲ့ရင်ထဲအေးမြသွားရတဲ့
Hyungရဲ့ တန်းခိုးအရှိန်အဝါတွေ....
Joonလို့ခေါ်တိုင်း လင်းခနဲလက်ခနဲလမင်းလေး
ရဲ့မျက်လုံးလေးတွေ......
နေ့တိုင်း Coffee လာပို့ခြင်းကိုမပျက်ကွက်ခဲ့....
မဖတ်ဘဲစာအုပ်တပုံကြီး ဝယ်ခြင်းတွေကို
မရပ်တန့်ခဲ့....
အနှောင်အသွားမလွတ်တဲ့ စကားလုံးလေးတွေ
စီပြီး ရှက်ကိုးရှက်ကန်း တဖက်လှည့်ဝန်ခံနေတဲ့ပုံလေး
တွေက အချစ်ဦးကပေးတဲ့ဒဏ်ရာရာဘယ်လောက်
နက်နက်....မနာတော့အောင်စွမ်းဆောင်နိုင်သည်။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔