တခုခုပြောဖို့အရှိန်ယူနေစဉ်မှာပဲဥက္ကဌJeon၏
အားတက်သရောအသံကြီးထွက်လာတော့သည်။
သားရောက်လာပီတဲ့...။သူ့စကားတွေတိခနဲရပ်လိုက်ရကာ ရောက်လာသော
သားဖြစ်သူကို အားလုံးပြိုင်တူလှမ်းကြည့်လိုက်ကြ
သည်။Jimin....မျက်ခုံးတန်းတွေသည်ချက်ချင်းတွန့်ချိုးသွား
ကာခေါင်းတည့်တည့်ကိုမိုးကြိုးပစ်ချလိုက်
သလိုပဲ....။Jeon သည်အဝါနုရောင်လက်တိုShirtကို
အဖြူစွတ်စွတ်ဘောင်းဘီနှင့်တွဲဝတ်ထားသည်။
လက်တိုရွေးလာရခြင်းသည် လက်မောင်းရင်းက
လက်ဖျားတွေအထိ နေရာလပ်မရှိသော
တက်တူးတွေကိုမြင်သာထင်သာရှိနေစေရန်
ရည်ရွယ်သည်။
အိမ်ထောင်ဖက်တွေ့တာ အသင့်အတင့်
တည်ငြိမ်သောဝတ်စားဆင်ယင်မှုမျ်ုးကို
ရွေးရမှာသိပေမယ့် သူကပွဲဖျက်မဲ့သူဆို
တော့Character ဝင်အောင် တောက်ပနေမှဖြစ်မယ်မလား။အဝါနုရောင်နေကာမျက်မှန်ကိုတပ်ထားကာ
နားပေါက်အားလုံးတွင်တွဲလီတွဲလောင်း
နားကွင်းနားဆွဲပေါင်းစုံ။
လက်ချောင်းတွေ လက်ကောက်ဝတ်တွေမှာ
ရှုပ်ယှက်ခတ်နေသာအဆင်တန်ဆာပေါင်း
များစွာဖြင့် ဘောင်းဘီအိတ်ထဲလက်တဖက်
ထည့်ကာ ပီကေဝါးလျှက်တလှမ်းချင်း
လျှောက်လာခဲ့သည်။ပင်လယ်တခုခုသွားမယ့်ပုံစံလို
NightClubတက်မည့်ပုံစံလိုလို
ရှုပ်ယှက်ခတ်နေကာ
မျက်မုန်းအကျိုးရဆုံးက
မထီတထီခပ်ပြုံးပြုံးမျက်နှာထားပဲ....၊Jeonသည်ပီကေဝါးရင်းလျှောက်လာကာ
တဖြည်းဖြည်းစားပွဲဝိုင်းသို့နီးကပ်လာသည်
နှင့်..စူပုတ်ပုတ်ဖြင့်ထိုင်နေသော
မျက်နှာကိုသဲသဲကွဲကွဲမြင်လိုက်ရသည်။" ဟင်......"
ပွဲဖျက်ဖို့ ပေါက်ကရတွေပြောဖို့
ဒယ်ဒီ့မျက်နှာကြီးပျက်စေဖို့
အထူးပြင်ဆင်ကာလာခဲ့တာပါ။
နီးလာလေလေ....ပြတ်သားလာသော
မြင်ကွင်းသည်အဝါရောင်မျက်မှန်ကြောင့်
အဝါရောင်သန်းနေပေမယ့် သူ့ကိုအံ့အားသင့်လာ
စေပါသည်။မျက်မှန်ချွတ်ကာသေချာအောင်ကြည့်လိုက်
ချင်ပေမယ့် ရုပ်ပျက်သလိုလည်းဖြစ်မှာ
စိုးတာကြောင့်အဝါရောင်တွေသန်းနေတဲ့
ကြားထဲကပဲကြည့်ရသည်။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔