"အိမ်ရှေ့စံ"
"အိမ်ရှေ့စံ ကျတော်မျိုး Jeonပါ....."
"ကြားတယ်....ခဏလေးစောင့်
ပြတင်းပေါက်ကခုန်ဆင်းခဲ့မယ်...""ဟုတ်ကဲ့ အိမ်ရှေ့စံ..."
မီးပွဲတော်ဟာ မြို့မှာအထင်ကရပွဲတော်တစ်ခု...။
မြို့ထဲကလူငယ်လူရွယ်များအကုန်ပါဝင်ဆင်နွဲ
ကြပြီး ၁၂ရာသီပွဲတော်များတွင်အပျော်ရဆုံး
ပွဲဖြစ်သည်။ထိန်းထိန်းလင်းနေသော
မီးတွေနဲ့အလှဆင်ထားတဲ့လမ်းတွေ
မီးပုံလှလှလေးတွေ....မြစ်ထဲဆုတောင်းလေးတွေ
ထည့်ကာလှေလေးတွေမျှောရသောယဉ်ကျေးမှုတွေ...
အိမ်ရှေ့စံမင်းသားဆိုပေမယ့်လည်း
ငယ်ရွယ်သောအသက်အပိုင်းအခြားပေမို့
လူငယ်ပီပီလျှောက်လည်ချင်ခဲ့သည်။သွားစရာအပေါင်းအဖော်တွေအများကြီး
ရှိနေပေမယ့် မီးပွဲတော်လှလှလေးကို
သွားရမှာမို့ သင့်တော်သူသည် ပညာတတ်ကလေး
နူးနူးညံ့ညံ့လေးJeonအပြင်မရှိ။ထူးဆန်းသည့်စိတ်ခံစားချက်များတွင်အိမ်ရှေ့စံသည်
ပျော်ရွှင်ဖွယ်ရာကိစ္စများကို
JEonနဲ့သာဖြတ်သန်းချင်တာဒီကောင်လေးကို
စတွေ့ထဲက။စစ်ထွက်တိုက်ရသည့်ကိစ္စတွေ
နိုင်ငံ့ရေးရာ နန်းတွင်းအရှုပ်တော်ပုံတွေကို
တော့Jeonကိုတခါမှမပြောပြဖူး...
ဒါတွေကညီးညူးစရာတွေမို့...
ပျော်ရွှင်စရာစကားတွေ ဖြစ်ရပ်တွေ
အခိုက်အတန့်တွေမှာတော့ အိမ်ရှေ့စံသတိရတဲ့သူက
JEonငယ်လေးတစ်ယောက်ထဲကိုပဲ။အရွယ်လေးရောက်လာတော့ ၁၈နှစ်အရွယ်Jeonဟာ
ကလေးလေးတစ်ယောက်တော့မဟုတ်တော့ပါ။
သူဘယ်ကိုခိုးထွက်ထွက် ဘယ်နန်းဆောင်
နံရံတွေပေါ်က ခုန်ချချ..ပိုင်နိုင်စွာဖမ်းထားပေးနိုင်
သော ယောကျ်ားငယ် တစ်ယောက်ဖြစ်လာခဲ့ပြီ။ခိုးထွက်တယ်ဆိုလို့လည်း....မင်းသားအာဏာစက်
ဟာတစ်တိုင်းပြည်လုံးအပေါ်သက်ရောက်ရုံမက
အိမ်နီးချင်းနိုင်ငံတွေအထိ...ပြန့်ပြန့်နှံ့နှံရှိသည်။
ဒီပွဲကိုသူသွားချင်တယ်ဆို ဘုရင်တောင်တားနိုင်မည်
မဟုတ်.။သူသွားမယ် ခုလာခဲ့ဟုအမိန့်ပေးရင်
လည်းJeonသည်ချက်ချင်းရောက်လာရမှာပဲ။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔