ချစ်ကြည်ရေးအခိုင်မြဲဆုံးအိမ်နီးချင်းနိုင်ငံတစ်ခုရဲ့
အိမ်ရှေ့စံမင်းသားမွေးနေ့ပွဲအတွက်
.လက်ဆောင်ပဏှာအဖြစ်
ကပြရတော့မည့်ကချေသည်လေးဟာ
စိတ်အထူးလှုပ်ရှားနေခဲ့ပါသည်....။ယောင်းဟာ...ယောင်းရဲ့နိုင်ငံမှာနာမည်အကြီးဆုံး
နဲ့အလှဆုံး ကကွက်လေးတွေပိုင်ဆိုင်တဲ့သူ
ယောင်း ကို ဘုရင်အစ...ကလေးအဆုံးမသိတဲ့သူ
မရှိခဲ့ဘူး...။ယောင်းဟာ...ကောင်းကင်ကလက်ဆောင်ပေးတဲ့
နတ်သားလေးလို့...တတိုင်းပြည်လုံးက
သတ်မှတ်ခဲ့ကြတယ်....။ယောင်း ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေ
စည်းချက်အတိုင်း လှုပ်ရှားကွေးညွှတ်သွားတိုင်း
ကြည့်နေသူတိုင်းဟာ....အသက်ရှုဖို့မေ့ခဲ့ကြတယ်..အရူးအမူးစွဲလန်းလွန်းလို့...ပိုင်ဆိုင်ဖို့လုံးဝမဖြစ်နိုင်တဲ့အခါစိတ်နောက်သွားသူတွေ
တောင်ရှိတဲ့အထိ..ယောင်းဟာသိပ်လှခဲ့ပါတယ်...။ယောကျ်ားတစ်ယောက်ဆိုသော်ငြား
ရပ်တည်မှုဟာ တော်ဝင်ကချေသည်လေးမို့
သိပ်နူးညံ့တယ်...သိပ်ယဉ်ကျေးတယ်...
သိပ်လည်းအန္တရာယ်တွေများခဲ့တယ်။"မွေးနေ့ပွဲအစီအစဉ်တွေကမပီးနိုင်သေးဘူး
လားJeon...ကိုယ်တော်နားချင်လှပြီ
ပျင်းရိစရာ တီးလုံးတွေနဲ့ မျက်စိနောက်စရာ
ကကွက်တွေကို ထိုင်ကြည့်ရအုန်းမှာလား.....""တဖက်နိုင်ငံကလက်ဆောင်မို့
အရှင်လက်ခံရယူသင့်ပါတယ်....""ပေးစရာရှားလား...
..တကယ်ဆို
မြင်းတွေ လက်နက်တွေ ငါ့ကိုပေးသင့်တယ်..
ငါ သီချင်းတွေ အကတွေ မခံစားတတ်ဘူး..."အိမ်ရှေ့စံသည် ကပွဲကြည့်ရန် ဝတ်ရုံလဲနေသည်။
အပေါ်ရုံကိုချွတ်ပြီး အဖြူရောင်အတွင်းဝတ်
ရဲ့ကြိုးတွေကိုဖြည်နေသည်။Jeonကဘယ်တုန်းကမှ ပြန်တော့လို့မပြောမချင်း
ထွက်ခွါခွင့်မရှိပါ..။
အိမ်ရှေ့စံဘာလုပ်လုပ်ခစားနေရတာပဲ....။
အနေကျပ်စရာအခြေအနေတွေမှာလည်း
နံရံထောင့်ကပ်ကာငြိမ်သက်စွာမျက်နှာလွှဲပြီး
နေပေးရသည်။အိမ်ရှေ့မင်းသားအိပ်ဆောင်ထဲကိုမိုးလင်းတာနဲ့
သခင်လေးJeonအစောဆုံးလာခစားရပြီး
တနေကုန်အနားမှာကိုယ်ရံတော်လိုရှိနေပေးရသည်။
အိမ်ရှေ့စံရဲ့မျက်လုံးတွေမှိတ်ကျသွားသော
အနားယူချိန်ရောက်မှJeonပြန်ရသည်။
စောဒကတတ်ခွင့်လည်းမရှိခဲ့ပါ။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔