ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုတွေကိုအားဆေးတချို့
သောက်ပြီး ကုစားလို့ရနိုင်ပေမယ့်စိတ်ဝိဥာဉ်
ပင်ပန်းလာတဲ့အခါမျိုးကြတော့ကုသဖို့ကအလွန်
ခက်ခဲလှပါသည်...။ငိုသံတွေ.....ရှိုက်ကြီးတငင်ငင်ငိုသံတွေ....။
ကြားခဲ့ဖူးတယ်....အတိတ်တွေတုန်းကလည်း
ခမ်းနားလှတဲ့နန်းဆောင်ကြီးထဲမှာအထိန်းတော်
တွေအားလုံးဝိုင်းထိန်းခဲ့တာတောင် ထိန်းမရခဲ့တဲ့
ဆ်ိုးဆိုးဝါးဝါးငိုသံ အကျယ်ကြီးတွေ.....။
ဧကရာဇ် စိတ်နောက်သွားပြီလို့ ကောလဟာလတွေ
ထွက်ခဲ့တဲ့အထိ အူလှိုက်အသဲလှိုက်နာနာကျင်ကျင်
အော်ဟစ်သံတွေ.....။ပစ္စုန်ပန်မှာလည်း တစ်ထပ်ထဲ ထပ်ကြားရတဲ့အခါ
ကောင်းကင်ပြာလေး...ကြောက်လန့်နေသည်။
တုန်တုန်ရီရီ လှုပ်ခါသွားသော ကျောပြင်သေးသေးလေး
ရင်ကိုခွဲသော ငိုသံတွေ...
သူတစ်ခုခု ခြိမ်းခြောက်တိုင်းမကြောက်ဘူးပြောပေမယ့်
ကြောက်ကြောက်သွားတတ်တဲ့ လှုပ်လှုပ်ခတ်
မျက်လုံးလေးတွေ....
ဘယ်သူကတော့ အကြံပက်စက်ချင်ပါ့မလဲဗျာ....။ထပ်ခါထပ်ခါပြသနေတဲ့အမှန်တရားတွေ
မဖြစ်နိုင်ပါဘူးKimTaeHyung ရယ်လို့
ချနေတဲ့ တရားတွေ....။
မသိစိတ်က လက်ခံနေပေမယ့်အသိစိတ်ကတော့
တဇွတ်ထိုးသွားနေတုန်း...။ငါဒီလောက်တောင် ချစ်တာ
ငါဒီလောက် ရူးပေးခဲ့တာ
ဘဝတစ်ခုတောင်မကခဲ့သော စွဲလမ်းမှုမှာ
မရတန်ကောင်းလားဆိုတဲ့ အတ္တနဲ့ လက်မလွှတ်ချင်...။သူကတော့မောင်ကလွဲရင်အားလုံးပေးနိုင်တယ်တဲ့လေ....။
ငိုပြသွားလိုက်တာ.....
သိပ်ချစ်ရတော့....ချစ်သူငိုရင်...ရင်တွေမနာဘဲတော့
ဘယ်ရှိပါ့မလဲ....။
တရားခံကလည်းဟာသဆန်စွာ
ကိုယ်တိုင်ပဲဖြစ်ဖြစ်နေတယ်.....။
နှစ်ခါနာရတာပေါ့ဗျာ....။ဆိုးဆိုးဝါးဝါးငိုသံတွေကို ကြားပြီးထဲက
TaeHyung စိတ်ဝိဉာဉ်တစ်ခုလုံး
ဘာဆက်လုပ်ရမှန်းမသိတော့စွာပင်ပန်းသွားပြီး
လောကကြီးနဲ့အဆက်အသွယ်ဖြတ်နေ့တချို့
အခန်းအောင်းနေခဲ့တာကြာပြီ...။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔