"ရှုံးရင်....စိတ်ကြိုက်ထိုးကြေး..ကွာ..."
"JungKook JungKookသိပ်လေကြီးတာပဲ
အေး...မင်းလောင်းကြေးကိုငါကြိုက်ပီ...
ငါက သန်းချီပြီးလောင်းရတော့မှာလားလို့....""ငွေက ဘာလုပ်ရမှာလဲ
အရသာမရှိဘူး....မင်းလိုကောင်မျက်ခွက်
စုတ်ပြတ်သတ်အောင်ထိုးရတာမှ အရသာရှိမှာလေ..."Club တစ်ခုတွင်ငြိလာသောရန်စသည်
မပြေလည်နိုင်ဘဲ ပြိုင်ကားကိုယ်စီဖြင့်
လမ်းမပေါ်တွင်လောင်းကြေးချနေသည်။
တဖက်ကလည်းအကောင်ကြီးကြီးမို့
JungKookကိုသွေးတိုးစမ်းကြည့်ချင်သော
အနေအထားရှိနေသည်။"အေး...ငါကလည်းမင်းကိုထိုးရင်
Liveလွှင့်ပြီးထိုးပြမယ်..
မင်းကို အပေါင်းအပါးတွေအားလုံး
တစုတစည်းထဲကြည့်နိုင်အောင်....."Jeonသည်...ခေါင်းတညိတ်ညိတ်ဖြင့်ပြုံးကာ
ပီကေကတော့အဝါးမပြတ်...။
ဘေးနားကအပေါင်းအပါးတသိုက်သည်လည်း
ပြောရဲဆိုရဲကောင်အား လက်တပြင်ပြင်ဖြင့်
ကြည့်နေကြသည်။"ကြမ်းမှပေါ့....ဒါမျိုးကြိုက်တယ်
ယောကျ်ားပဲ....တက် အချိန်ဆွဲမနေတော့ဘူး...."နှစ်ယောက်ပြိုင်တူကားပေါ်သို့တက်ကာ
နံပါတ်စဉ်ရေတွက်မှုပြီးသည်နှင့်မိုင်ကုန်
မောင်းထွက်သွားကြသည်။အနိုင်ယူရမယ်လို့စိတ်ပိုင်းဖြတ်ထားရင်
နိုင်ကိုနိုင်တယ်ဆိုသော မေမေပြောခဲ့သောစကား။
ရှုံးမယ်ထင်ရင် ညစ်သင့်ရင်ညစ်တဲ့...။
မေမေက စိတ်ထားကောင်းမွန်ပြီး
ပျော့ပြောင်းသူတစ်ယောက်တော့မဟုတ်ခဲ့....
အမြဲပူပူလောင်လောင်ဇာတ်ကောင်တခုဖြစ်ခဲ့သည်။သူ့လက်ဆွဲကာ ဒယ်ဒီ့ တမျိုးလုံးကို
ပတ်စိန်ခေါ်ခဲ့ပြီး ယောကျ်ားဖြစ်သူရဲ့
အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို
အရှုံးလည်းမပေးနိုင် လက်နက်လည်းမချချင်...
တစ်ယောက်ထဲကြိတ်ဖြေရှင်း ကြိတ်ခံစားရင်း
နောက်ဆုံးစိတ်ကျရောဂါနဲ့လောကကြီးထဲက
ထွက်သွားခဲ့တဲ့သူ...။
လူပျိုပေါက်အရွယ်မှာ အမေဆေးလိပ်သောက်
ရင်လိုက်သောက်ကြည့်
အမေအရက်သောက်ရက်လိုက်မြည်းကြည့်
အမေဆေးတချို့သုံးနေရင် စပ်စုကြည့်နဲ့
ကမ်းကုန်အောင်ဆိုးဖို့အရှိန်ကယူပီးနေပြီ။
YOU ARE READING
မောင်
Romanceကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔